"ဘာလို့ သူလဲ"တုန်ယင်သွားသောအသံကို အလျင်အမြန်ထိန်းလိုက်ရ၏။
ဘတ်ဟျွန်းအသံကနည်းနည်းကျယ်သွား၍ Sliver Wolf ခေါင်းဆောင်ကလူရှင်းတဲ့ခပ်လှမ်းလှမ်းဘက်ဆွဲထုတ်လာသည်။"ချန်းယောလ်နဲ့ ကိုယ်ညီမနဲ့ကကွာ အဖေတူတယ်
ဒါပေမဲ့ကိုယ့်ညီမကမွေးစားသမီး ချန်းယောလ်အမေရဲ့သေတမ်းစာအရဆိုရင် ပိုင်ဆိုင်မှုတွေကိုချန်းယောလ်ပဲရမှာ ချန်းယောလ်အဖေဖြစ်တဲ့မစ္စတာပတ်ကတောင် ဘာမှဆုံးဖြတ်ပိုင်ခွင့်မရှိဘူး""အမွေကိစ္စတစ်ခုထဲနဲ့သူ့ကိုသတ်တာပေါ့"
"ကိုယ့်ညီမ လီရှင်းအာကချန်းယောလ်ကို
ကြိုက်နေတာဆိုတော့သေစေချင်မှာမဟုတ်ဘူး
ကိုယ်တို့အမေဆယ်နာ အမွေတွေပိုင်ပြီးတစ်သက်လုံး
အေးဆေးနေစေချင်လို့""ခင်ဗျားကဂိုဏ်းခေါင်းဆောင်လေပိုက်ဆံမရှိတာလဲ
မဟုတ်ပဲ အမွေအတွက်နဲ့သူများကိုသတ်မယ်ပေါ့""ဟားဟား ဘယ်တုန်းက Light ကသူများအတွက်
စဉ်းစားပေးတတ်သွားတာလဲ ပွဲမပြီးခင်သူသေတာ
ကိုယ်မြင်ချင်တယ်ဘေဘီ အဲ့တာဆိုကိုယ်သွားပြီ""ဘောကို ဘေဘီလား Fuck!!
သေရမှာချန်းယောလ်မဟုတ်ပဲခင်ဗျားဖြစ်မယ်နဲ့တူတယ်"ဘတ်ဟျွန်းကတောက်ခေါက်ပြီးဆဲရေးတိုင်းထွာလိုက်ကာသစ်ပင်နားခဏမှီရပ်နေသည်။
ဂါဝန်ရှည်ရှည်ကိုမကာ မျက်လုံးကိုဟိုကြည့်ဒီကြည့်နဲ့အိန္ဒြေမရပဲ ဘတ်ဟျွန်းဘေးနားကဖြတ်ပေးသွားသောကောင်မလေးက သူ့ခပ်လှမ်းလှမ်းနားကဝိုင်တွေတင်ထားသည့်ခုံနားအပြေးလျှောက်သွားသည်။ဘာရယ်ညာရယ်တော့မဟုတ်ထိုကောင်မလေးကိုဘတ်ဟျွန်းလိုက်ကြည့်မိသည်
လှလှပပဝတ်စားထားသော်လဲသူခိုးလူမိမှာကြောက်နေတဲ့ပုံနှင့်ဟိုကြည့်ဒီကြည့်ဝိုင်ခွက်ထဲကိုဆေးရည်တွေလောင်းချပစ်လိုက်သည်။
"ကလေးအကွက်တွေကွာ"
ပြီးမှပြန်ဖွက်လိုက်တဲ့ဘူးသေးသေးလေးပေါ်က
Love poison ဆိုတဲ့စာသားကြောင့်ရယ်မိသည်။ဒီ
ခေတ်ကလေးတွေကတော်တော်မလွယ်ဘူးဟုသာ
ကောက်ချက်ချမိလိုက်သည်။ပြီးတော့သူကမုန့်စားနေတဲ့
ချန်းယောလ်ဆီဦးတည်သွားနေတာအဲ့အခါမှဘတ်ဟျွန်းမျက်လုံးပြူးလာရတော့သည်။
YOU ARE READING
Eternity
FanfictionLove story through flowers' language Available both Zawgyi & Unicode