Eternity Ep 27

728 119 15
                                    


အတွေးများရင်းကားမောင်းလာရင်မှ မှန်ကိုဖြတ်ဝင်လာတဲ့အရာတစ်ခုကြောင့် စတီယာရင်ကိုခပ်မြန်မြန်ဆွဲကွေ့လိုက်ရသည်။ Lightဆိုတဲ့နာမည်ပြောင်က ဒီတိုင်းရခဲ့တာမှမဟုတ်ပဲ။ အလင်းလိုအရှိန်နဲ့ ဖြတ်လတ်မှု မြန်ဆန်မှုတွေရှိတာမလို့ နယ်ပယ်တိုင်းမှာ Light ဆိုတဲ့နာမည်တစ်လုံးက သက်ရောက်မှာကြီးသည်။

အလျင်အမြန်ရှောင်တိမ်းလိုက်သော်လဲ ဘယ်ဘက်လက်မောင်းနား ပူကနဲဖြစ်သွား၍ ကြည့်လိုက်တော့အကျီအနားသားတွေပါစုတ်ပြတ်နေပြီးသွေးတွေပါတတောက်တောက်ကျနေသည်။ကားရပ်ပြီးအနာကိုမလုပ်နိုင်သေး။ထပ်ပစ်မည်စိုးတာကြောင့်အရှိန်တင်ပြီးလမ်းသွယ်လမ်းကြားတွေထဲကသာကွေ့ပတ်ပြီးအိမ်သို့အပြင်းနှင်ရတော့သည်။

"ထိသွားလား"

"ခဏရပ်သွားပုံထောက်ရင်တော့ထိသွားမယ်ထင်တယ် ဒါပေမဲ့သေနိုင်တဲ့နေရာတော့မဟုတ်လောက်ဘူးထင်တယ် ဆရာ"

"ဘာ!! ငါမင်းကိုနှလုံးချ်န်ပစ်ခိုင်းတာလေ"

"ကျွန်တော်တောင်းပန်ပါတယ် သူကရှောင်တာ
တအားမြန်လို့ပါ"

"တောက် Light ရာ ဒီတစ်ကြိမ်မဟုတ်ရင်တော့
နောက်တစ်ကြိမ်ပေါ့"

ပါကင်ထိုးပြီးတော့နောက်ခုံကိုမှီထိုင်ပြီးခပ်ပြင်းပြင်း
အသက်ရှူရသည်။ရှုပ်ထိသွားတာမှန်ပေမဲ့ဒဏ်ရာ
ကနည်းနည်းတော့များသည်။

"Shit ဟိုခွေးမသားပဲဖြစ်မှာ"

ဒီဒဏ်ရာတွေချန်းယောလ်မြင်ရင်ရှင်းပြရခက်ဦးမှာ
ဘတ်ဟျွန်းလိုဂိုက်းခေါင်းဆောင်တွေအဖို့ကတော့
ဒီလိုဒဏ်ရာမျိုးတွေက ရနေကျသာဖြစ်သည်။
ပြီးတော့ကားနောက်ခုံမှာစိုကိဝင်နေတဲ့ကျည်ဆန်
တစ်ချောင်းရယ်...

အိမ်ကထွက်သွားတာနည်းနည်းကြာပီမလို့ဒဏ်ရာကိုချန်းယောလ်မနိုးခင်အလျငိအမြန်ဆေးထည့်ပြီးသူ့ဘေးနားဘာမှဖြစ်မလာသလိုဝင်လှဲနေလိုက်မယ်ဟုတွေးထားသည်။

သွေးကဆက်တိုက်ထွက်နေတာမလို့ခေါင်းကရိပ်ကနဲ
ရိပ်ကနဲ။သွေးအထွက်များလို့ လူကအခြေအနေမဟန်ပဲ မူးနေပေမဲ့အားတင်းပြီးအခန်းထဲထိလျှောက်နိုင်ခဲ့သည်။ရေဆေးချဖို့ရေချိုးခန်းဘက်ဉီးတည်ပြီးလျှောက်နေတုန်းကျောဘက်ကနေ ပွေ့ဖက်ခြင်းခံလိုက်ရသည်။

Eternity  Where stories live. Discover now