ညကရိုက်လိုက်ပုတ်လိုက် ရယ်လိုက်ဖြင့်တော်တော်ကြာမှအိပ်ပျော်သွားသောကြောင့် ဘတ်ဟျွန်းနိုးတော့၉နာရီပင်
ရှိနေလေပြီ။ ဘေးနားကိုကြည့်လိုက်တော့ ချန်းယောလ်ကမရှိတော့။ရေချိုးခန်းထဲကရေကျသံတော့ကြားသည်
ချန်းယောလ်ကbath tubထဲမချိုးဘူးထင်ပါရဲ့
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ရေချိုးခန်းရဲ့တစ်ဖက်ကမှန်ကအကြည်ကာထားပြီး
မှန်အကြည်ကိုပိတ်ပစ်လိုက်ဖို့လိူက်ကာထူထူလေးလဲရှိသေးတယ်။လူမနေတဲ့နေရာမလို့ လိူက်ကာမပိတ်ထားလဲကိစ္စတော့မရှိ။ အေးအေးဆေးဆေးနေချင်လို့ လူသူအရောက်အပေါက်နည်းတဲ့နေရာလာဆောက််ထားသည်မို့ ကိုယ်တီးလုံးချွတ်ချိုးလဲ လာချောင်းမဲ့သူမရှိပေရှုခင်းလေးကတော့တော်တော်လှသည်။မြက်ခင်းပြင်စိမ်းစိမ်းလေးနဲ့ ရေစိမ်နေရင်းလဲနေထွက်ချိန် နေဝင်ချိန်ဆည်းဆာရောင်လှလှကို တိတ်တိတ်ဆိတ်ဆိတ်ခံစားနိုင်သေးသည်။
ရေချိုးရင်း စိတ်ကူးယဉ်ရင်းသာဆို ဒီနေ့ ဒီနေရာမှာပင် မိုးချုပ်သွားနိုင်လေသည်။ ဒီလိုနေရာမျိုးကို ထိုကောင်လေးဘယ်လိုရှာထားလဲမသိပေမဲ့ စိတ်ထဲကတော်တော်ပင်လေးစားမိသည်။ပြီးတော့အမွှေးဖယောင်းတိုင်လေးတွေ၆တိုင်က
ခုံပေါ်မှာစီစီရီရီ။ ခုံအလယ်မှာရေခဲစိမ်ထား
တဲ့ဝိုင်ပုလင်းတစ်လုံး ဒီကောင်လေးတကယ့်ကို
စိတ်ကူးယဉ်ဆန်တာပဲဟုသာတွေးချမိသည်
အမွှေးဖယောင်းထွန်းပြီးရေစိမ်ပြီးဝိုင်သောက်ရတဲ့
Feelingမျိုးက ဘာနဲ့မှလဲမရအောင်ကောင်းသည်မဟုတ်ပါလား။ပြီးတော့ ဒီလိုဆိတ်ငြိမ်တဲ့နေရာနဲ့ ရှုခင်းလှလှတွေက ချန်းယောလ်ကိုယ်တိုင်ပင်ဒီကမပြန်ချင် ဒါတောင်မရောက်သေးတဲ့နေရာတွေကရှိသေးသည်

YOU ARE READING
Eternity
FanfictionLove story through flowers' language Available both Zawgyi & Unicode