Eternity Ep 22

759 123 10
                                    



အုပ်ထားတဲ့ပုဝါအောက်ကမျက်နှာကရော
ဘတ်ဟျွန်းနဲ့တစ်ထပ်ထဲပဲလားသိချင်မိသည်။သေနတ်
ကိုင်ထားတဲ့လက်သွယ်သွယ်တွေ ကဆွယ်တာထိုးတဲ့
ဘတ်ဟျွန်းရဲ့လက်လှလှလေးတွေအတိုင်းပဲ။တူလွန်းပေမဲ့ဘတ်ဟျွန်းမဖြစ်နိုင်ပါဘူးလို့သာကောက်ချက်ချရသည်။ဆွယ်တာထိုးတဲ့လက်နုနုလေးတွေက သေနတ်ကိုင်ဖို့ဆိုတာမဖြစ်နိုင်တဲ့အရာပဲမလား..

အိမ်ပြန်ရောက်တော့အိမ်ရှေ့ပေါက်မှာပါဆယ်ထုပ်တစ်ထုပ်ကရောက်နေသည်။ ဖွင့်ကြည့်လိုက်တော့ချိတ်ပိတ်ထားတဲ့စာအိတ်အဝါလေးတစ်ခုထဲပင်

"ဟင် သေတမ်းစာ သေတမ်းစာမလား"

ချန်းယောလ်ကအံကိုတင်းတင်းကြိတ်ကာမျက်လုံးတွေရဲလာတဲ့ အထိထိုစာကိုသာစေ့စေ့ကြည့်နေသည်။သူ့မေမေသေသွားတာသူလက်မခံနိုင်သေးဘူး။ကမ္ဘာကြီးရဲ့
တစ်ထောင့်တစ်နေရာမှာရှိပြီး သူ့အလာကိုမျှော်နေလိမ့်
မယ်တွေးထားတာ။သူတွေးထားခဲ့တဲ့အဆုံးသတ်ကဒီလိုမျိုးမဟုတ်ဘူး။စာအရဆိုသူအမေဆုံးပါးသွားခဲ့တာလွန်ခဲ့တဲ့၁၃နှစ်ထဲကချန်းယောလ်အသက်၁၂နှစ်မှာမေမေ
ဆုံးခဲ့တာ။

ချန်းယောလ်ကသူ့လက်ကောက်ဝတ်ကအမာရွတ်ကို
ကြည့်တယ်။ဒါမေမေနဲ့သူကြားထဲကနောက်ဆုံးသောအမှတ်တရဖြစ်လိမ့်မယ်။တွေးလိုက်တိုင်း စုတ်ပြတ်သတ်
မတတ်နာတဲ့နှလုံးသားကြောင့်အဲ့အမှတ်တရတွေကတွေးချင်စရာမကောင်းဘူး။ဒါပေမဲ့ အဲ့အမာရွတ်က ချနိးယောလ်ကသူ့မေမေနဲ့ရှိခဲ့တဲ့နောက်ဆုံးအမှတ်တရဖြစ်တယ်။ထပ်ပြီးဖန်တီးလို့မရတော့တဲ့ နာကျင်စရာအမှတ်တရ အဖြစ်နှလုံးသားမှာကျန်ရစ်ခဲ့တယ်။

စာအိတ်လေးကို လက်နဲ့တိုက်မိတော့ ခုံပေါ်ကပြုတ်ကျသွားတဲ့အခါ စာရွက်ခေါက်လေးတစ်ခု ထွက်ကျလာတယ်

"ငိုချလိုက်လို့ဖြစ်ပါတယ် ငိုတဲ့သူတွေကပျော့ညံ့တဲ့
သူတွေမဟုတ်ပါဘူး ။ခက်ခဲတဲ့အရာတွေကိုရင်ဆိုင်
ဖို့ကျန်သေးတာမလို့တစ်ခါတစ်လေငိုချလိုက်လို့လဲ
ဖြစ်ပါတယ် ။ချန်းယောလ်ကသန်မာတဲ့သူမှန်းသိတာမလို့စိတ်ပင်ပန်းလာတဲ့အခါငိုချလိုက်ပါ

အဆုံးသတ်တိုင်းဟာလှပလိမ့်မယ်လို့တထစ်ချ
မယုံကြည်စေချင်ဘူး။မျှော်လင့်ပြီးဖြစ်မလာရင်ကိုယ်ပဲပင်ပန်းရတာမလို့ စိတ်အေးချမ်းအောင်ဘာကိုမှ မျှော်လင့်မထားရင်ကောင်းမယ်။မုန်တိုင်းတိုက်ခတ်ပြီးရငိ
လေပြည်ရောက်လာမြဲပါ။"

Eternity  Where stories live. Discover now