Eternity Ep 13

808 134 5
                                    


Ep 13

"ဒုန်း"

"ခင်ဗျားတို့အခုထိလူတစ်ယောက်ကိုတောင်တွေ့အောင်မရှာနိုင်ဘူးလား သူပျောက်နေတာကြာပြီဗျ ကြာပြီ"

လူများထိုင်ရန်ပေးထားသော ခုံတွေကိုမှောက်လိုက် ကန်လိုက်လုပ်ပြီး သူ့ကိုရှူတည်တည်ကြည့်နေသော စခန်းမှုးကို လက်ညှိုးထိုးပြီး ဘုနဲ့ဘောက်ပြောပစ်လိုက်သည်။ နိုင်ငံတော်က ပေးထားတဲ့ပိုက်ဆံကျယူပြီး အလုပ်ကျမလုပ်ပေ။ ထိုင်ရာကနေ မထပဲနေသောကြောင့် ရဲအများစုများ ဗိုက်ရွှဲကြီးတွေ ဖြစ်နေကြခြင်း ဖြစ်ပေမည်။

"ဒီကအကိုစိတ်ငြိမ်ငြိမ်ထားပါဗျ ကျွန်တော်တို့သူ့ကားကိုပါခြေရာခံနေပါတယ်။ ထူးဆန်းတာကကားမှောက်တဲ့ပုံ တစ်နေရာရာကိုကျသွားတဲ့ပုံ မတွေ့ရဘူး ကားပါအစအနပျောက်နေတယ် ကျွန်တော်တို့အကောင်းဆုံးကြိုးစားပြီးဆက်ရှာပေးပါ့မယ် အရင်ဆုံးအိမ်ပြန်ပြီးစိတ်ကိုလျော့ထားပါ"

ဆူဟိုက ဝုန်းကနဲ ထရပ်ပြီးစကားတောင်ပြန်မပြောပဲ
ဆောင့်ဆောင့်အောင့်အောင့်ပြန်ထွက်သွားသည်။

"ငါ့ကလေးကိုမရှာပေးနိုင်ရင် မင်းတို့စခန်းတစ်ခုလုံးကို
မီးရှို့ပစ်မယ် ငါ့များဘာမှတ်နေလဲ"

ရဲစခန်းအပြင်ရောက်မှ ပွစိပွစိပြောရင်းကုမ္မဏီသို့
ထွက်လာသည်။မင်းသားတစ်ယောက်လုံးပျောက်နေတာကိုကုမ္မဏီကဘာမှမလုပ်ပေးဘူးတဲ့လား..

************************************

"ဘတ်ဟျွန်းနီး ကိုယ့်ဆွယ်တာလေးဘာနဲ့ငြိပြီး
ပြဲလာလဲမသိလို့ ကိုယ့်ကိုပြန်ချုပ်ပေးပါလားဟင်"

ဆာကူရာပင်တွေကြားမှာဖက်ထုပ်လုံးလေးကို
ချစ်ကြောင်းဝန်ခံပြီးထဲကဖက်ထုပ်လုံးလေးက
မျက်လုံးချင်းပင်ဆုံအောင်ကြည့်မလာတော့တာဖြစ်သည်။ Baby's breath ပန်းလေးကိုတော့လက်ခံပေးခဲ့သည်။

"အင်း ပေးအကျီ.."

ချန်းယောလ်ကဘတ်ဟျွန်းထိုင်တဲ့နားတိုးကပ်သွားပြီးအကျီကိုကမ်းပေးလာသည်။အပ်ချည်ဘူးကို
ထုတ်ပြီးဘတ်ဟျွန်းကချုပ်ပေးဖို့အပ်ထိုးနေသည်။

Eternity  Where stories live. Discover now