Ep 14"ကြိုတင်ချိန်းဆိုထားတာမရှိရင်ဝင်လို့မရပါဘူးရှင့်"
"ပေးဝင်ရင်ပေးဝင် မဟုတ်ရင်ကုမ္မဏီတစ်ခုလုံးကို
ငါမီးရှို့ပစ်မယ်"ဆူဟိုကCEO ရုံးခန်းရှေ့ဝယ်အော်ဟစ်သောင်းကျန်းနေသည်။ခုန်ဆွခုန်ဆွဖြင့်လက်သီးလက်မောင်းတန်းကာ
ကြိမ်းဝါးနေသေးသည်။"အခန်းထဲမှာဧည့်သည်လဲရှိသေးလို့ပါခဏတော့
စောင့်ပေးပါ ပြီးရင်ကျွန်မတို့ပြောကြည့်ပေးပါမယ်""မစောင့်ဘူးကွာဖယ်"
အခန်းရှေ့မှကာဆီးကာဆီးလုပ်နေသူများကိုတွန်း
တိုက်ကာတံခါးကိုဆွဲဖွင့်လိုက်သည်။"မစ္စတာပတ်?? ချန်းယောလ်အဖေမလား"
CEOရောမစ္စတာပတ်ရောဆူဟိုကိုလှည့်ကြည့်လာသည်။
"မင်းက.."
"ကိုယ့်သားတစ်ယောက်ရဲ့မန်နေဂျာကိုတောင်မသိ
ရလောက်အောင်ခေါင်းလွတ်သွားပြီနဲ့တူတယ်
အာ...ဆောတီးအစထဲကခင်ဗျားမှာဦးနှောက်မှပါမလာတာကိုမေ့သွားတာ ဟားဟား""မင်း..တောက်"
CEOကမစ္စတာပတ်ကိုဆွဲရင်း
"ကျွန်တော်မစ္စတာပတ်ကိုဖုန်းနဲ့ဆက်သွယ်လိုက်ပါ့
မယ်။အခုပြောတဲ့ကိစ္စကကျွန်တော်စဉ်းစားဖို့အချိန်လဲလိုသေးတာမလို့ပါ""အဲ့တာဆိုကျွန်တော်သွားလိုက်ပါဦးမယ်။ဖုန်းနဲ့
ဆက်သွယ်လာမှာကိုဆက်ဆက်စောင့်နေပါမယ်
အဲ့တာဆိုရင်ခွင့်ပြုပါဦး"မစ္စတာပတ်ကိုခပ်တိုးတိုးဆဲရေးရင်းအခန်းပြင်
ရောက်သွားတဲ့အထိကျိန်ဆဲနေလိုက်သည်။"အလောတကြီးလာရအောင်ဘာတွေများဖြစ်လာလို့လဲ
ဆူဟို""ရိုင်းပြမိတဲ့အတွက်တောင်းပန်ပါတယ် ချန်းယောလ်..ချန်းယောလ်ပျောက်နေတယ်"
ပြောလဲပြောဆူဟိုကမျက်ရည်များပါဝဲလာသည်။
မအောင်မြင်ခင်ထဲကထိုကလေး အနားနေပြီးအသေးအမွှားကအစလိုက်လုပ်ပေးခဲ့ရသူမို့ဆူဟိုကချန်းယောလ်ကို
သံယောဇဉ်ရှိပါသည်။
YOU ARE READING
Eternity
FanfictionLove story through flowers' language Available both Zawgyi & Unicode