မိဘမဲ့ဆိုတဲ့အသုံးအနှုန်းဟာ မရှိသင့်တဲ့ဝေါဟာရ
တစ်လုံးလို့ဘတ်ဟျွန်းကထင်မြင်မိတယ်။မွေးတဲ့မိဘမရှိပဲနဲ့လူဆိုတာဖြစ်မလာနိုင်ဘူးလေလူတိုင်းမှာမိဘရှိပါတယ်။စွန့်ပစ်ခံရတဲ့ သားသမီးတွေကလွဲရင်ပေါ့
သူကိုယ်တိုင်ကအဲ့စကားလုံးလေးသုံးလုံးကြားထဲမှာ
မွေးကတည်းက နားထဲသံမှိုရိုက်စွဲခံထားရသလို
ကြီးပြင်းလာခဲ့တာဖြစ်တယ်။စကားလုံးသုံးလုံးပေမဲ့
ခံရတဲ့သူအဖို့ကျရိုက်ချက်ကပြင်းတယ်"ဘတ်ဟျွန်း ညနေကျရင်ခြံနောက်ဘက်မှာ
ဝက်စာကျွေး ပြီးရင်နွားနို့ညှစ် ကြက်ခြံကိုသန့်ရှင်းလုပ် ပြီးရင်ခြံတစ်ခုလုံးအမှိုက်ရှင်းပြီးတံမြက်စည်း
လှည်းထားပေး""ဟုတ်ကဲ့ဂေဟာမှူး"
"မပြီးရင်ထမင်းမကျွေးဘူးဆိုတာသိတယ်နော်"
"ဟုတ်ကဲ့သိပါတယ်"
"အဲ့တာဆိုသွားတော့"
နာမည်ကြီးမိဘမဲ့ဂေဟာလို့ နာမည်ကျော်တဲ့ဘုတ်ဆူ
ဆိုတဲ့ဂေဟာလေးမှာသိတတ်စအရွယ်ထဲကဘတ်ဟျွန်းကကြီးပြင်းလာခဲ့တာဖြစ်တယ်။အခုဘတ်ဟျွန်း
အသက်က၉နှစ် နေ့စဉ်တဒူဝမှာအသက်နဲ့မလိုက်
အောင်ဂေဟာကကလေးတွေကအခိုင်းခံရတယ်
ညဉ်းပန်းနှိပ်စက်ခံရတယ်။လူများတွေအမြင်မှာတော့ကြင်နာတတ်တဲ့မိဘမဲ့ဂေဟာလို့မြင်နေကြတယ်။ကျေးဇူးကန်းတာမဟုတ်ပေမဲ့ဘတ်ဟျွန်းကဒီမှာမနေချင်တော့ဘူး"တိုတို ဘတ်ဟျွန်းနီး ဘာလုပ်နေတာယဲဟင်
ချယ်ဟူးနီးလဲကူလုပ်ပေးမယ်ယေ"အခုချိန်ထိသရေခံလေးလည်ပင်းမှာပတ်ထားရဆဲ
ဖြစ်တဲ့၅နှစ်အရွယ်ဆယ်ဟွန်းသေးသေးလေးက နွားနို့
ညှစ်နေတဲ့ဘတ်ဟျွန်းရဲ့ဘောင်းဘီစကိုကိုင်ဆွဲပြီးမေးလာတယ်"ဆယ်ဟွန်းနီး လက်ကနီနီရဲတွေကဘာတွေလဲ"
"ချယ်ဟူးနီးကိုဂေဟာမှူးရိုက်လိုက်တာ ပြောစကား
နားမထောင်ဘူးဆိုပြီး""တောက်! ဒီမြေခွေးလိုမိန်းမကတော့
ဆယ်ဟွန်းနီးလေးကိုကိုကို့ချစ်လား"ခေါင်းသေးသေးလေးကိုပုတ်သင်ညိုလေးတွေလို
တဆတ်ဆတ်ငြိမ့်ပြလာသည်။

YOU ARE READING
Eternity
FanfictionLove story through flowers' language Available both Zawgyi & Unicode