Ep 10"ဟဲလို ဆူဟိုလားမသိဘူး ကိုယ်ရီရှင်းပါ"
"ဟုတ်ပါတယ် ချန်းယောလ်အကြောင်းများသိရတာလား"
"ကိုယ်ချန်းယောလ် သွားတဲ့ရွာလေးရဲ့ရွာသူကြီးနဲ့
အဆက်အသွယ်ရခဲ့တယ်"ဆူဟိုလှဲနေရာမှငေါက်ကနဲထထိုင်မိသည်။
" ဘာ ဘာတဲ့လဲဟင်"
"ချန်းယောလ်အဲ့ရွာကိုဒီနေ့ထိရောက်မလာခဲ့ဘူးတဲ့"
"ဗျာ........"
အသိစိတ်မဲ့စွာဖုန်းကိုလွတ်ချမိသည်။တစ်ဖက်က
ဖုန်းသံကိုလဲမကြားနိုင်တော့မျက်ရည်တို့ကကျလာသည်။အဲ့ကလေးက တအားကိုသနားဖို့ကောင်းတဲ့ကလေး ပြီးတော့သူ သူက.........မဖြစ်ပါသူချန်းယောလ်ကိုဒီနေ့ကစရှာရမည်။
ရေမိုးချိုးပြီးလျှင်ရဲစခန်းကိုလူပျောက်တိုင်မည်။************************************
အိပ်တာကြာသွားသောကြောင့်လန်းလန်းဆန်းဆန်း
နိုးလာသည်။နာရီကိုကြည့်တော့၁၀နာရီခွဲ
ပြီးတော့သူနွေးနွေးလုံးလုံးလေးတစ်ခုကိုဖက်ထားမိတာ။ငုံကြည့်မိတော့ဘတ်ဟျွန်းရဲ့ခေါင်းလုံးလုံးလေးမှ စတော်ဘယ်ရီရှန်ပူနံ့ခပ်သင်းသင်းက နှာခေါင်းထဲကိုတိုးဝင်လာသည်။ဖက်ထုပ်လုံးလေးက ချန်းယောလ်ခါးကိုလက်သေးသေးလေးတွေနဲ့ဖက်ထားသည်။စောင်ကိုဖယ်လိုက်မိ၍ ချန်းယောလ်ရင်ခွင်ထဲကိုတအိအိတိုးကာ ဖက်လာသည်။ခွေးပေါက်လေးတွေလို တအိအိအသံလေးတွေကလဲထွက်နေသေးသည်။ချန်းယောလ်မထသေးပဲဖက်ထုပ်လုံးလေးကိုတိုးကာဖက်လိုက်သည်။ဖက်လိုက်တာထက်အတင်း
ညှစ်ပစ်လိုက်တာဆိုရင်ပိုမှန်မည်။"အု"
ညှစ်ပစ်လိုက်တာအားပါသွားသည်ထင် အုကနဲအသံထွက်လာသည်။ချန်းယောလ်ကအသံမထွက်အောင်
တအိအိခိုးရယ်သည်။မျက်နှာလေးကိုမြင်ချင်၍
ရင်ခွင်ထဲမှအသာထုတ်လိုက်သည်။မျက်တောင်စိတ်စိတ်လေးတွေက မျက်ဝန်းမှေးမှေးလေးနဲ့ဖိကပ်နမ်းချင်ဖွယ်အတိ။နှာတံသေးသေးလေးက ချွန်စင်းနေပြီးဖြောင့်ဖြောင့်လေး နှုတ်ခမ်းသေးသေးလေး အပေါ်ကမှဲ့သေးသေးလေးရယ်။ ရယ်လိုက်ရင်အပေါ်ကိုတတ်လာတဲ့ပါးအိအိမို့မို့လေး ကလေးပေါက်စလိုနီတာရဲလေးဘတ်ဟျွန်းကတစ်ကိုယ်လုံးချစ်ချင်စရာလေး
နမ်းရှိုက်ပစ်ချင်စရာလေး ဒီနေ့တော့သူဘယ်သူဆိုတာဖွင့်ပြောပြီးဘတ်ဟျွန်းကိုပါချစ်ခွင့်တောင်းတော့မည်။အခုတော့နဖူးလေးကိုသာတစ်ချက်ဖိကပ်နမ်းရှိုက်လိုက်ပြီး
ကိုယ်လုံးနွေးနွေးလေးကိုသာဖက်ပြီးပြန်အိပ်လိုက်သည်။
![](https://img.wattpad.com/cover/206962006-288-k179265.jpg)
YOU ARE READING
Eternity
FanfictionLove story through flowers' language Available both Zawgyi & Unicode