လက်မောင်းတစ်ဖက်ပေါ်မှီအိပ်နေတာကြောင့်ပါးအိအိလေးကတစ်ထွက်နေသည်။နှုတ်ခမ်းချွန်ချွန်ရဲရဲလေးကလဲခုမှပို၍စိုစိူရဲရဲဖြစ်နေသေးသည်။အိပ်ပါစေတော့ဟု
ထားထားသော်လဲနှုတ်ခမ်းလုံးလုံးလေးကိုဖိနမ်းပစ်လိုက်သည်။"မောင်ကွာ အိပ်နေတယ်လေ"
"ထတော့မောင့်အသည်းလေး ဟန်းနီးမွန်းမှာအိပ်နေလို့ဖြစ်မလား"
"ဒီညနေပြန်ကြမလားမောင် "
"မောင့်ယောက်ျားလေးသဘောပါ ခုတော့လျှောက်ပတ်ကြည့်ကြမယ်ထတော့"
"ထချင်သေးဘူး ပျင်းတယ်"
အရင်ကMafia lightဘယ်ရောက်သွားလဲဟုပြန်မေးရလောက်အောင်မပွင့်တပွင့်မျက်လုံးလေးများကို
ပွတ်ကာချစ်စဖွယ်ဆိုလာသည်။"မပွတ်ရဘူးလေ ဘတ်ဟျွန်းနီ မျက်လုံးလေးတွေနာသွားမယ်.. မောင်ချီပါ့မယ် မောင့်အသည်းရယ်"
ကိုယ်လုံးသေးသေးလေးကိုခါးမှစွေ့ကနဲပွေ့ချီလိုက်ကာဘေစင်ဘေးနားကခုံပေါ်ခဏမှီတင်ပေးထားသည်။
"အာ...ဟပါဦး မောင်သွားတိုက်ပေးမယ်"
"မောင်ကနှစ်တွေကြာလဲအချစ်တွေလျော့သွားမှာလား..အခုမှလက်ထပ်ကာစမလို့ကြင်နာပြရုံသက်သက်လား"
"အတွေးလွန်လိုက်တာကွာ မောင့်အချစ်ကမလျော့သလိုတစ်နေ့ထပ်တစ်နေ့ပိုချစ်လာဖို့ပဲရှိမယ်
သက်ရှိသက်မဲ့တွေကတစ်နေ့တစ်ချိန်ကျပျက်စီးတတ်ပေမဲ့မောင့်အချစ်တွေကဘယ်တော့မှပျောက်ကွယ်မသွားတာယုံပေး မောင်ကသက်သေပြပါ့မယ်""ဒီတိုင်း ငါကတအားအတွေးလွန်တတ်လို့မောင်က
ကြာရင်ငါ့ကိုစိတ်ပျက်သွားမှာလား"ဒီနေ့မှဘတ်ဟျွန်းကတအားချွဲနေသယောင်။ချန်းယောလ်ရဲ့လည်တိုင်ကြားထဲသူ့ခေါင်းလုံးလုံးလေးကိုနစ်ဝင်မတတ်ဖိကပ်ထားသေးသည်။
"မောင့်အသည်းရာ မောင့်ကိုကြည့် မောင့်ကိုပဲချစ်ပေးနေရုံနဲ့တင်မောင်ကအဆင်ပြေတယ်
မျက်နှာသစ်ကြရအောင်ဟျွန်းလေး"မော့လာသောနဖူးလေးကိုအသာဖိကပ်နမ်းရင်း
လုံးအိဖောင်းတစ်နေသောသူ့ဖက်ထုပ်လုံးလေးကို
မျက်နှာသစ်ပေးပြီးသွားပါတိုက်ပေးလိုက်၏
YOU ARE READING
Eternity
FanfictionLove story through flowers' language Available both Zawgyi & Unicode