Eternity Ep 39

262 19 0
                                    


Ep 39

ရေစက်လက်နဲ့အဝတ်တောင်မလဲနိုင်ပဲဘတ်ဟျွန်းကသူ့ပစ္စည်းတွေအကုန်အိတ်ထဲကောက်ထည့်ကာပါးစပ်မှလဲပွစိပွစိကျိန်ဆဲနေသေးသည်။

"ယောက်ကျားယူလိုက်တာလား မျောက်ယူလိုက်တာလားမသဲကွဲဘူး မျောက်တောင်သူ့လောက်ရွပိုးမထိုးဘူး မနေဘူးပြန်မယ် သူ့ဟာသူနေချင်နေခဲ့"

"မောင့်အသည်းလေး မဆော့တော့ဘူးလား
ဟန်းနီးမွန်းကို စိတ်မကောက်ပါနဲ့ကွာ
မောင်ကပျော်စေချင်လို့စလိုက်တာပါ"

ချန်းယောလ်ကိုလှည့်တောင်မကြည့်ပဲအဝတ်တွေကိုသာဆက်ထိုးထည့်နေပြီးတိုးတိုးတိတ်တိတ်ကျိန်ဆဲနေသံတော့ကြားလိုက်ရသေးသည်။

"အ့ အမေသေပါပြီ"

ရေတစ်စက်စက်ကဟိုဒီကျနေတာကြောင့်ရေတွေနဲ့ချောပြီးပစ်လဲတာဗိုင်းကနဲ။ဖြစ်ချင်တော့ဖင်ထိုင်ရက်လဲကျတာဖင်ညှောင်ရိုးတော့ကျိုးပြီထင်ပါရဲ့

"အာ့ နာတယ် ဖင်ညှောင်ရိူးတော့ကျိုးပြီထင်တယ်"

"ဟာအသည်းပြပြ တော်တော်နာသွားတာလား"

အားရပါးရဖင်ကိုကိုင်လာတဲ့သူကြောင့်ငိုတာတောင်ပျောက်သွားရသည်။

"နှာဘူးမကျနဲ့ပတ်ချန်းယောလ် အဲ့တာမင်းလုပ်လို့
ငါဖင်လေးတော့ကိုယ်ကျိုးနဲပါပြီ"

ဘေးနားကကုတင်ကိုအားယူပြီးအထမှာ
ဘောင်းဘီကိုရုတ်တရုတ်အချွတ်ခံလိုက်ရသည်။

"ဟယ် တော်တော်ရဲသွားတာပဲ မောင်ရေခဲကပ်ပေးမယ်"

ပြောပြောဆိုဆိုဖင်ရဲရဲဖွဖွလေးပုတ်ပေးနေသေးသည်။

"ဖြောင်း"

လူကောင်သာသေးတာလက်ဆကတော့ကြောက်ခမန်းလိလိ။ဖြတ်ရိုက်ခံရတဲ့လက်တစ်ချောင်းလုံး
ထူပူသွားရသည်။

"နှာဘူးလား ဟမ်"

ဘောင်းဘီကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီးအသံပြဲနဲ့
နားကွဲအောင်အော်သွားသေးသည်။လူကောင်သာသေးတာအသံကတော့ခေါင်းမိုးပါကွဲနိုင်တဲ့အထိကိုပြဲသည်။သူများတွေယူခါစဆိုချစ်ခင်ကြင်နာလို့တောင်မဝတာ။ချန်းယောလ်တို့ကတော့ဒီနေ့အတွင်းကိုရန်သတ်နေတာတော်တော်များနေပြီဖြစ်သည်။

Eternity  Where stories live. Discover now