Eternity Ep 24

761 117 4
                                    



"နိုးပြီလားကိုယ့်ဖက်ထုပ်လုံးလေး သက်သာရဲ့လား"

ချန်းယောလ်ကရေပူစမ်းထဲမှာအပေါ်ပိုင်းချွတ်ပြီး
နောက်ကိုအသာမှီပြီးရေစိမ်နေသည်။ ဘတ်ဟျွန်းက ချန်းယောလ်အကျီလဲပေးထားတဲ့ တီရှပ်အဖြူအပွနဲ့ သူ့ဆီကို တဖြည်းဖြည်းလျှောက်ရင်း ခပ်ဖျော့ဖျော့ပြုံးပြလာသည်။

"ငါလဲစိမ်မယ်"

စကားမဆုံးခင်ပင် အကျီကိုပစ်ချွတ်လိုက်ပြီး ချန်းယောလ်ဘေး ကပ်ထိုင်လာသည်။ ပြီးတော့လက်သေးသေးလေးတွေနဲ့ ချန်းယောလ်ရဲ့လက်မောင်းအိုးတွေကို တတိတိလိုက်ထိုးကြည့်နေ၏။ လက်မောင်းတွေကို ကလိပြီးတော့ ရင်အုပ်တွေ ကျောပြင်ကျယ်တွေဆီ ထိုလက်ချောင်းလေးများက နေရာယူလာကြ၏။

"နေမကောင်းဘူးလေ ဘတ်ဟျွန်းနီးမဆိုးရဘူး"

ဟိုထိုးလိုက် ဒီထိုးလိုက်လုပ်နေတဲ့လက်ညိုးလေးများက ရပ်တန့်သွားပြီး ချန်းယောလ်ရင်ခွင်ထဲ ကြောင်လေးသဖွယ် တိုးခွေ့လာ၏။ လက်များကအငြိမ်မနေချင်သေးသည့်ဟန် ချန်းယောလ်လက်ဖဝါးများကို ဆုပ်ကိုင်လာသည်။

"နဖူးစမ်းမယ်လာ ကိုယ်ပူနေရင်ပြန်တတ်ရမယ်"

ချန်းယောလ်စမ်းကြည့်တော့ခပ်နွေးနွေးလေးကျန်နေသေးပေမဲ့ခဏလောက်တော့စိတ်ကျေနပ်အောင်နေခိုင်း
လိုက်ဦးမည်။

"နွေးနွေးလေးနော်ချန်း ကြိုက်တယ်မလား"

"အင်းကြိုက်တယ် ဘတ်ဟျွန်းနီးကို"

"ရေကိုမေးနေတာ အရူးရဲ့"

"ဒီဒဏ်ရာတွေကအပင်စိုက်ရုံလောက်နဲ့မဖြစ်ဘူးကိုယ်မရှိတဲ့အချိန်ဘာတွေလုပ်နေခဲ့တာလဲ"

ချန်းယောလ်ရဲ့မျက်လုံးတွေက လစ်လပ်နေတဲ့ဘတ်ဟျွန်းအပေါ်ပိုင်းကို scanဖတ်သလိုဖတ်ပြီးနောက် မေးခွန်းတွေကတောက်လျှောက်ထွက်ပေါ်လာ၏

ဘတ်ဟျွန်းရဲ့ကျောနဲ့ဗိုက်သားတချို့မှာအမာရွတ်ခပ်မဲမဲတွေက အထင်းသား။တံတောင်ဆစ်တွေမှာ ပွန်းပဲ့ရာတွေအများကြီးပဲ။ပြီးတော့လောလောလတ်လတ်ရထားတဲ့ လက်ကဒဏ်ရာနဲ့ကြောင့်ရော ချန်းယောလ်မျက်ခုံးတွေက အလိုမကျသလို တွန့်လာ၏။ ဒါတောင်မမြင်ရတဲ့နေရာတွေမှာကျန်ရင်ကျန်နေဦးမှာ

Eternity  Where stories live. Discover now