Monster Fox ဂိုဏ်းရဲ့စံအိမ်တော်က ဘတ်ဟျွန်းအခုနေတဲ့နေရာနဲ့ဆိုအတော့်ကိုဝေးသည်။သူကိုယ်တိုင်ကလဲ လူတွေနဲ့ဝေးရာမှာနေချင်တဲ့အတွက်ကြောင့်ရော လူသူအရောက်အပေါက်နည်းတဲ့ ဒီလိုနေရာမှာ လာအခြေချခဲ့တာကြောင့် တစ်နေရာရာသွားမည်ဆိုလျှင် အတော်လှမ်းသည်။ စားဖို့သောက်ဖို့ကလဲ လက်အောက်ငယ်သားအချို့က လစဉ်ပို့ပေးနေကြမလို့ ပူပန်စရာတော့မရှိပေ။ တစ်သက်လုံး မခွါဖူးသည့်အိမ်က အလောတကြီးထွက်လာရသဖြင့် ပစ္စည်းများများစားစားမပါလာခဲ့။
ချန်းယောလ်ကိုပေးဖို့ထိုးထားတဲ့ ဆွယ်တာအကျီအသစ်တွေရယ် ။ချန်းယောလ်ပေးခဲ့တဲ့Baby's breath ပန်းခြောက်တွေကိုစုထည့်ထားတဲ့ဖန်ပုလင်းရယ် သူ့သေနတ်ရယ်ပဲပါလာခဲ့တာ ဟိုကျမှအခြေအနေကြည့်လုပ်ရမည်သာဖြစ်သည်။ခပ်မိုက်မိုက်ဂိုဏ်းခေါင်းဆောင်ကဆံပင်အမဲနဲ့တော့
မဖြစ်ဘူးမဟုတ်လား။မိတ်ကပ်နဲ့ဝတ်စားဆင်ယင်မှုကိုသာဖယ်လိုက်ရင်ဘတ်ဟျွန်းကရိုးအေးတဲ့ကောင်လေးလိုမျိုးပုံစံ ချန်းယောလ်ခေါ်တဲ့ဖက်ထုပ်လုံးလေးလိုမျိုးပေါ့ဖက်ထုပ်လုံးလေးက အင်အားကြီးပြီးသန်မာတဲ့
Monster Foxဂိုဏ်းရဲ့အရင်ခေါင်းဆောင်ဆိုတာ
ချန်းယောလ်သိရင်တော့ဝိုင်းနေတဲ့မျက်လုံးတွေကပြူးပြီးထွက်လာမှာအသေအချာပါပဲ။ချန်းယောလ်အမြင်မှာဘတ်ဟျွန်းကနူးညံ့တဲ့ကောင်သေးသေးလေး။ဆွယ်တာတွေထိုးတဲ့လက်ကသေနတ်ကိုင်ပြီးလူသတ်လိမ့်မယ်လို့စိတ်ကူးနဲ့တောင်တွေးခဲ့ဖူးမှာ
မဟုတ်ပါဘူး။ချန်းယောလ်အတွက်ဆို ဘတ်ဟျွန်းကနူးညံ့တဲ့ကြောင်ပေါက်လေးဖြစ်ပေးနိုင်သလိုသန်မာတဲ့ကျားရိုင်းတစ်ကောင်လဲဖြစ်ပေးနိုင်တယ်။ ချန်းယောလ်
တစ်ယောက်ထဲအတွက်ဘတ်ဟျွန်းကသူ့ဖြစ်တည်မှူအများကြီးပြောင်းလဲပေးနိုင်တယ်။ချစ်တယ်လို့ဝန်မခံ
ရသေးပေမဲ့ဘတ်ဟျွန်းကအချစ်ကို ထုတ်ပြခဲတဲ့လူ
တစ်ယောက် ဒါပေမဲ့ဘတ်ဟျွန်းကအများကြီးချစ်ပေး
တတ်တယ် ဘယ်လိုထုတ်ပြောရမှန်းသူမသိပေမဲ့လို့ပေါ့အကြာကြီးမောင်းလာပြီးတဲ့နောက်မှာစံအိမ်ကို
ဆောက်ထားတဲ့တောအုပ်ကြီးထဲရောက်လာတယ်
Monster Fox Palace ကတော်ရုံလူလွယ်လွယ်နဲ့
ရှာလို့မရအောင်ဆောက်ထားခဲ့တာ။တောအုပ်ထဲ
မတော်တဆရောက်သွားမိခဲ့ရင်လဲစံအိမ်ကိုတော်ရုံနဲ့ရှာဖို့မလွယ်ချေ။ရိုးရိုးလမ်းကသွားရင်တောင်စံအိမ်ကို၁နာရီကျော်လောက်မောင်းရသည်။ဖြတ်လမ်းကမောင်းတဲ့ဘတ်ဟျွန်းကတော့မိနစ်နှစ်ဆယ်လောက်သာမောင်းရသည်။

YOU ARE READING
Eternity
FanfictionLove story through flowers' language Available both Zawgyi & Unicode