Eternity Ep 11

878 138 0
                                    



"ချန်း ချန်းထတော့ နေ့လည်တောင်ရောက်နေပြီ"

"အင်း...ဘတ်ဟျွန်းနီ"

ချန်းယောလ်နဖူးပေါ်ကို ဘတ်ဟျွန်းလက်သေးသေးလေးတွေဖိကပ်လာသည်။

"အဖျားကတော့ကျပြီ ညနေကျလိုက်ပို့စရာတစ်နေရာရှိတယ်"

"ဘယ်ကိုလဲ ဘတ်ဟျွန်းနီး"

"ကိုကို့ရဲ့လုံးအိလေးသဘောကျမယ်ထင်တဲ့နေရာပေါ့"

"ဟာဘတ်ဟျွန်နီး ချန်းလို့ပဲခေါ်လေကွာ"

လုံးအိလို့ခေါ်တော့ချန်းယောလ်ရုပ်ကကြောင်ချီးတတ်နင်း
မိထားတဲ့လူလိူပဲ ရှုံမဲ့နေတာများ

"ဟုတ်ပါပြီထတော့ အဖျားကျပေမဲ့ဆေးတော့
တစ်ခွက်ထပ်သောက်လိုက် ညနေကျသွားဖို့အားပြည့်နေအောင်"

ချန်းယောလ်ထိုင်နေတဲ့ရှေ့မှာကြက်သားစွပ်ပြုတ်လေးတစ်ပွဲ။ဘတ်ဟျွန်းရှေ့မှာတော့ထမင်းပန်းကန်နဲ့ဟင်းတွေကအစီအရီ

"ကိုယ်ထမင်းစားချင်တယ် ဘတ်ဟျွန်းနီး
ကြက်သားစွပ်ပြုတ်က ကိုယ်အခုမစားချင်လို့"

"ငါလုပ်တာမကောင်းလို့လားချန်း ငါလုပ်တဲ့ကြက်သားစွပ်ပြုတ်မကြိုက်ဘူးပေါ့။ မနေ့ညကဆန်ပြုတ်ကိုလဲမကောင်းတတ်လို့သောက်လိုက်ရတယ်ပေါ့"

ဘတ်ဟျွန်းအသံကခပ်အက်အက်

"မဟုတ်ဘူးဘတ်ဟျွန်းနီး ကိုယ်ပြောတာအဲ့လိုမဟုတ်..."

စကားပင်မဆုံးသေး ဘတ်ဟျွန်းကဆောင့်ဆောင့်အောင့်အောင့်ဖြင့် ရှေ့ကိုထွက်သွားသည်။ဘတ်ဟျွန်းကစိတ်ဆိုးခဲပေမဲ့ သူကြိုးစားပမ်းစားချက်ထားတာကို မစားချင်ဘူးပြောတော့စိတ်ဆိုးမိသည်။ ပြီးတော့ချန်းယောလ်နေမကောင်းလို့ သူကအားရှိပါစေဆိုပြီးစေတနာနဲ့ ကြိုးစားပမ်းစားချက်ထားပေမဲ့ တစ်စုံတစ်ယောက်ကတော့မစားချင်ဘူးတဲ့လေ ။ထမင်းကျွေးလို့ရပေမဲ့ ကြက်သားစွပ်ပြုတ်သက်သက် အပင်ပန်းခံပြီးချက်ပေးထားတာကို ချန်းယောလ်ကမစားချင်ဘူးပြောသည်။

ဘတ်ဟျွန်းစိတ်ဆိုးတာထက်ဝမ်းနည်းသွားတာဆို
ပိုမှန်မည်။ဆောင့်ဆောင့်အောင့်အောင့်နဲ့ ထွက်လာမိတာအိမ်ရှေ့ကတောအုပ်ကြီးထဲ

Eternity  Where stories live. Discover now