မနက်နိုးလာတော့ဘေးနားမှာ အိပ်ယာပြင်ကိုသာတွေ့ရပြီးဘတ်ဟျွန်းကတော့မရှိ"ကျစ် အနာနဲ့ကိုလျှောက်သွားနေပြန်ပြီ ဗြောင်အဘိုးကြီးကတော့"
ချန်းယောလ်ကစိတ်ဆိုးနေတယ်ဟုသာပြောတာ
မျက်နှာတောင်မသစ်နိုင်ပဲဘတ်ဟျွန်းကိုလိုက်ရှာသည်။ မီးဖိုချောင်ထဲမှာလဲမတွေ့ရေချိုးထဲခန်းမှာလဲမတွေ့။သူ
စိတ်ဆိုးမပြေလို့သူအိမ်များပြန်သွားသလားမသိ။"ဗြောင်ဘတ်ဟျွန်း ဗြောင်မျိုးရိုးရေဘယ်မှာလဲ"
"ငါဒီမှာမောင်"
အသံပိစိလေးထွက်လာတဲ့နေရာကိုသွားကြည့်မိတော့ဧည့်ခန်းမှာအားရပါးအပ်ချည်နဲ့အပ်နဲ့အလုပ်ရှုပ်နေသည်။မျက်လုံးလေးတွေကလဲအိပ်ရေးမဝသေးတဲ့ပုံစံ
တဝါးဝါးနဲ့လဲသန်းနေသေးသည်။"မအိပ်ပဲဘာလုပ်နေတာလဲအဲ့ဒါ"
ချန်းယောလ်ကညကစိတ်ဆိုးနေတဲ့မျက်နှာအတိုင်းပါပဲ။လေသံကလဲခပ်မာမာ...
"အိပ်မပျော်တာနဲ့ချည်နဲ့စာလုံးလေးရေးနေတာလေ
ညကမောင်ကမခေါ်တော့အိပ်တောင်မပျော်ဘူး"အိပ်မပျော်တာသာပြောတာညကဘတ်ဟျွန်းက
သူ့ထက်အရင်အိပ်မောကျသွားပြီးခွေးပေါက်လေးတွေလိုတအိအိအသံလေးတွေထွက်နေသေးတာ
အဲ့တာကိုအိပ်မပျော်ဘူးတဲ့။ဗြောင်မျိုးရိုးတို့ကတော့
သက်သက်ကိုချွဲပြနေပြန်ပါပြီ"လှလားမောင် မနက်အစောကြီးထဲကထိုးထားတာ"
ဆွယ်တာလည်ပိတ်အဖြူလေးပေါ်ရဲ့ဘယ်ဘက်ရင်ဘတ်နားမှာ ချည်အနီနဲ့ B's LOEY ဆိုပြီးထိုးထားတာဖြစ်သည်။ချုပ်ရာလေးကတော့စောင်းစောင်းလေးနဲ့သိပ်တော့မသေသပ်
ချန်းယောလ်ကကြည့်ရုံသာကြည့်ပြီးထမင်းစားခန်း
ဘက်သို့သာဝင်သွားသည်။ကလေးဆန်တဲ့မောင်က
ခုထိစိတ်ဆိုးမပြေသေးဘူးထင်ပါရဲ့။ချန်းယောလ်နဲ့တွေ့မှ ဘတ်ဟျွန်းကလဲကြောင်ပေါက်လေးတွေလိုအနားနားမှာကပ်ပြီးချွဲနေချင်တာ။ခြွင်းချက်ကတော့အဲ့တာ ချန်းယောလ်တစ်ယောက်ထဲမြင်ခွင့်ရှိတဲ့အရာပါပဲ။ဘတ်ဟျွန်းကချန်းယောလ်ကိုပဲချွဲမှာဖြစ်သည်။သန်မာတဲ့လူတစ်ယောက်ဆိုပေမဲ့ချန်းယောလ်အလိုလိုက်တာစောငိ့ရှောက်ပေးတာခံချင်သည်။ပြောရမယ်ဆိုအချစ်မှာပျော်ဝင်သွားတဲ့လူတွေလိုပေါ့သူတစ်ယောက်ထဲကိုကြညိ့နေချင်မိတာ

YOU ARE READING
Eternity
Fiksi PenggemarLove story through flowers' language Available both Zawgyi & Unicode