Eternity Ep 15

838 132 4
                                    



ချန်းယောလ်အခန်းထဲကမထွက်တာ၃ရက်ရှိပြီ။
ဘတ်ဟျွန်းဆီကပြန်လာပြီးထဲက ကားပေါ်မှာသူငိုပြီးထဲကအခန်းထဲကမထွက်တော့တာဖြစ်သည်။

ထွက်သွားတဲ့သူနဲ့ ကျန်ရစ်ခဲ့တဲ့သူဘယ်သူကပိုနာကျင်ရလဲလို့မေးမယ်ဆိုရင်ပိုချစ်ခဲ့တဲ့သူကအနာကျင်ဆုံးပါပဲ။ ချန်းယောလ်အမေပျောက်တုန်းက ချန်းယောလ်ကကျန်ရစ်ခဲ့သူဖြစ်ခဲ့သလို ဘတ်ဟျွန်းအလှည့်ကျချန်းယောလ်ကိုယ်တိုင်က ထားရစ်ခဲ့တာဖြစ်တယ်။ကျန်ခဲ့သူလဲဟုတ်သလို ထွက်သွားခဲ့တဲ့သူလဲဖြစ်တဲ့ချန်းယောလ်က အဖြစ်အပျက်နှစ်ခုလုံးမှာသူကိုယ်တိုင်ပဲပိုပြီးနာကျင်ခံစားခဲ့ရတာဖြစ်တယ်။ ချန်ရစ်ခံခဲ့ရတဲ့ ခံစားချက်ကိုသူကောင်းကောင်းသိတာမလို့
ချန်းယောလ်က ထပ်တိုးလို့ငိုပြန်တယ်။

ဘယ်လောက်ပဲသန်မာတဲ့ကောင်လေးဖြစ်နေပါစေ
ချန်းယောလ်ကဘတ်ဟျွန်းကို စိတ်မချဘူး။ သူပဲစောင့်ရှောက်ပြီး သူကပဲကာကွယ်ပေးချင်ခဲ့တာဖြစ်တယ်။ချစ်မိသွားဖို့ဘယ်လောက်ကြာကြာအချိန်ယူရလဲလို့မေးရင်
ချန်းယောလ်အတွက်ကတော့မျက်တောင်တစ်ခတ်စာလို့ပဲ
ဖြေမယ်။လူတွေအများကြီးကြုံတွေ့လာခဲ့ရပေမဲ့
ချန်းယောလ်ကဘတ်ဟျွန်းကိုမျက်တောင်တစ်ခတ်စာ
အတွင်းမှာချစ်မိသွားခဲ့တာဖြစ်တယ်။

ပျော့ညံ့တဲ့သူမဟုတ်ပေမဲ့ချန်းယောလ်ကဘတ်ဟျွန်းနဲ့
ပတ်သတ်ရင်မျက်ရည်လွယ်တယ်။ဘတ်ဟျွန်းဆီ
ပြန်သွားဖို့သူအများကြီးစောင့်ရဦးမယ်။အပြီးဖြတ်စရာ
ကိစ္စတွေလဲကျန်သေးတယ်။မာနခဲလေးဘတ်ဟျွန်းက သူ့အိမ်လေးကိုပစ်ပြီးချန်းယောလ်နောက်ကိုလိုက်ခဲ့မှာမဟုတ်မှန်းလဲသိတယ်။သူကိုယ်တိုင်ကိုကအားလုံးစွန့်ပစ်ပြီးဒီကောင်လေးဆီသွားချင်နေခဲ့တာ

အများကြီးတွေးပြီးတဲ့နောက်မှာ လက်ကျန်ဘီယာကို
ကောက်မော့လိုက်တယ်။ဆံပင်တွေကိုထိုးဖွကာသပ်
လိုက်ပြီးမှောင်နေတဲ့လိုက်ကာခန်းဆီးတွေကို
ဆွဲဟပစ်လိုက်တယ်။အခန်းထဲကပြန့်ကြဲနေတဲ့
ဘီယာဘူးခွံတွေကိုလိုက်ကောက်တယ်။အမှိုက်တွေကိုစုပြီးဘီယာဘူးခွံတွေနဲ့အတူသွားပစ်တယ်။
ဘတ်ဟျွန်းနားကိုမြန်မြန်နဲ့ပြန်ရောက်ဖို့ဆိုသူအလုပ်တွေအမြန်အပြတ်ဖြတ်သင့်ပြီမဟုတ်လား။

Eternity  Where stories live. Discover now