အပိုင်း ၁၀

85 3 0
                                    

Unicode

Time skip

" morning အန်တီမေဆု "

" morning သားငယ် အိပ်လို့ရော ကောင်းရဲ့လား နေရာပြောင်းကုတင်ပြောင်းဆိုတော့ "

" ဟုတ် ကျွန်တော် အိပ်ရတာ အဆင်ပြေပါတယ် အန်တီ "

" ဒါနဲ့ သားငယ် ဘာစားချင်တာရှိလဲ အန်တီ့ကိုပြောနော် အန်တီ လုပ်ကျွေးမယ် "

" ဟီး အားနာစရာကြီး "

" အလို သားငယ်က အားနာလို့ပါလား ဒီကလေး ငယ်တုန်းက အချွဲလေး လုံးလုံးမှ ဟုတ်ရဲ့လား "

" ဟီး "

" အန်တီက စတာပါကွယ် အားနာစရာလား တခြားသူမှမဟုတ်တာ မင်း အန်တီပဲကို ပြော သားငယ် စားချင်တာ မှန်သမျှ "

" လုံးလုံးလေး ပြောလိုက်လေ ဘာမှအားမနာနေနဲ့ မေမေက မင်းကို ငယ်ငယ်တုန်းကလို ချက်ကျွေးချင်နေတာ "

" ဟုတ်ပါ့တော် ညီညီပြောတာ မှန်ပါ့ ငယ်ငယ်က ဘာချက်ကျွေးကျွေး အရမ်းချားကောင်းတာပဲ တီတီမေဆုရာ ဆိုပြီး အာပြဲကြီးနဲ့ အော်အော်ပြောတဲ့ ငယ်လေးကို တီလေးက လွမ်းနေတာ "

" ဟီး အာ့ဆို သား ‌မြီးရှည်စားချင်တယ် တီလေး
ရန်ကုန်က ဘယ်ဆိုင်မှ တီလေးလက်ရာကို မမှီဘူး "

" ဒါမှ တီလေးသားငယ်အစစ် ခုနက အားနာတာက အတု ဟဟ "

" 😂 ဒါနဲ့လေ တီလေ ကိုဟိန်းရောဟင် ကျွန်တော် နိုးတည်းက မတွေ့မိလို့ "

" မင်းကိုကိုလား သူ့အခန်းထဲမှာလေ သူ့အလုပ်တွေနဲ့ ရှုပ်နေတာပဲ  "

" အော် "

" လုံးလုံးလေး ဒီနေ့ ဘယ်သွားချင်လဲ ဘာလုပ်ချင်လဲ ကိုကိုးကိုပြော ကိုကိုးလိုက်ပို့ပေးမယ် "

" ဘာမှမလုပ်ချင်ပါဘူး ကိုကိုးရဲ့ မနေ့က ခရီးပန်းလာတော့ ဒီနေ့ အိမ်မှာပဲ နားပြီး တီလေးချက်ကျွေးတာတွေကို ဗိုက်ကားအောင် စားမယ် "

" ဟဟ မေမေရေ မြီးရှည်ကို လူတစ်ရာစာလောက်‌ချက်‌နော် မေမေ့သားငယ်က ဗိုက်ကားအောင် အဝဆွဲမှာတဲ့ "

" ကိုကိုးနော် ကျွန်တော့်ကို လိုက်မစနဲ့ "

" စတော့ ဘာဖြစ်လဲဗျာ လူကြည့်ဝောာ့ သေးသေးလေး တော်တော်စားနိုင်တာပဲ "

FanboyWhere stories live. Discover now