Unicode
" ရောင်ခြည် မ ကို စောင့်နေရတာ ကြာသွားပြီလား sorry နော် မ လည်းအလုပ်ကိစ္စလေး မပြတ်တာနဲ့ နည်းနည်းနောက်ကျသွားတယ် "
" ရပါတယ်ဗျာ ကျွန်တော်က မ နဲ့ ပတ်သက်ရင် အမြဲ စောင့်နေရတဲ့ သူပဲကို "
" ဟိတ် ကောင်လေး.. အသံက စိတ်ဆိုးနေသလိုပဲ "
" မောင် စိတ်ဆိုးနေတယ်ထင်ရင်လည်း မ က ချော့ပေါ့ "
" မချော့နိုင်ပါဘူးနော် မောင် စိတ်ဆိုးနေမယ်ဆိုရင် ' မ ' ပြန်တော့မှာ "
" မ " ပြန်ချင်ရင် ပြန်ပေါ့ မောင့်ကို မချစ်လို့ ပြန်တာပဲ မောင် ဆွဲမထားပါဘူး "
" ဒီကလည်း မောင့်ကို ချစ်လွန်းလို့ မောင်နှင်ထုတ်ရင်ဝောာင် မပြန်ပါဘူးနော် ကျေနပ်ပြီလား အင်ကြင်းမွှေးရဲ့ ချစ်သူအဆိုးလေးရှင့် "
" ဟဟ မောင် ကျေနပ်ပါပြီ ဪ ဒါနဲ့ မ ကို ပြောဖို့ မေ့နေတာ "
" ဘာများလဲ မောင် "
" ဒီတစ်ခေါက် မ ရဲ့ ဇာတ်ကားက မန္တလေးမှာ သွားရိုက်ရမှာမလား "
" အင်း ဟုတ်တယ်လေ "
" အဲ့ဒါဆို မောင့်ကားနဲ့ တူတူသွားရအောင် မောင်လည်း မန္တလေးပြန်ပြီး မေမေ့ဆီ သွားမလားလို့ ပြီးတော့ မ ကိုလည်း မေမေနဲ့ မိတ်ဆက်ပေးချင်လို့ "
" ဟာ... မောင် နဲ့ မသွားချင်ပါဘူး လမ်းမှာ မ ပရိသတ်တွေနဲ့တိုးရင် ဘယ်လိုလုပ်မလဲ ပြီးတော့ မ က အချိန်သိပ်ရတာ မဟုတ်ဘူး မောင့်မေမေနဲ့ တွေ့ဖို့လည်း အားမယ် မထင်ဘူး ဟိုမှာ ပြီးတာနဲ့ ရန်ကုန်မှာ ကြောငြာပြန်ရိုက်ရအုန်းမှာ "
" တစ်ရက်လောက်လေးပဲလေ မ အလုပ် ရွှေ့လိုက်လို့ မရဘူးလား မေမေ့ကို မောင့်ချစ်သူ ဘယ်လောက်လှကြောင်း ကြွားချင်သေးလို့ကိုကွာ "
" မောင်ကလည်း မ က အမြဲလှနေမှာပဲလေ ဘယ်ချိန်ကြွားကြွားပေါ့ ဒီတစ်ခေါက် မ တကယ်မအားလို့ပါနော်... နော်လို့ "
" ဟူးးးး ဘယ်တတ်နိုင်မလဲ ကျွန်တော်ကလည်း " မ " ကိုမှ ချစ်မိသွားတာကို "
..................
Time skip
" hello မေမေလား သား မနက်ဖြန် ပြန်လာမယ်နော် ဇာတ်ကားအတွက် လိုအပ်တာလေးတွေ လာပြန်ယူမလို့ အဲ့ဒါ ဖုန်းဆက်ပြောတာ "
YOU ARE READING
Fanboy
RomanceUnicode ဒီဇာတ်လမ်းလေးဟာ စိတ်ကူးယဥ်သက်သက်သာဖြစ်ပါတယ် ငါ မင်းကို မချစ်ဘူး ငါ ချစ်တာ မ ကို ကျွန်တော့်ကို မချစ်ရင် နောက်ထပ် လာမဆက်သွယ်ပါနဲ့တော့ ကျွန်တော့်ရင်တွေနာလှပြီဗျ ဟင့်အင်း ငါ မင်းကို မချစ်ဘူး ဒါပင်မဲ့ မင်းနဲ့ စကားတွေပြောချင်တယ် မင်းကို ငါ့အနားမှာ...