Unicode
လုံခြုံရာလေးဖြစ်တဲ့ ကိုကိုးဆီမှာ ရင်ဖွင့်ရင်း ရှိန်းသော်ခန့်တစ်ယောက် ငိုနေမိတယ် ။
တစ်ဖက်မှာလည်း ဟိန်းရောင်ခြည်လို့ ခေါ်တဲ့ မင်းသားလေးက ပူရှိန်းလေးဆီ သူ့အချစ်တွေ ပြောပြဖို့အရေး လာလို့နေတယ်။
ငိုချင်လောက်အောင် နာကျင်နေပေမဲ့ ချစ်ရသူ စိတ်ပျော်စေဖို့အရေး နှစ်သိမ့်ပေးကာ ရယ်စရာလေးတွေနဲ့ အားပေးစကားပြောနေတဲ့ ဟိန်းညီညီ
ချစ်ရသူထံမှ ချစ်နေသေးတယ်ဆိုတဲ့ စကားအစား တောင်းပန်ပါတယ်ဆိုတဲ့ စကားကိုသာ အသွင်သွင်ကြားနေရလို့ ပြိုလဲသွားရလောက်အောင်ကို ခံစားနေရတဲ့ နိုင်ငံကျော် မင်းသမီး အင်ကြင်းမွှေး
ဒီလူသားလေးယောက်လုံးရဲ့ အချစ်တွေဟာ မတူညီကြပေမဲ့ လှပလွန်းတယ်
အချစ်ကို အဓိပ္ပါယ်ဖွင့်လို့ ကုန်မယ်လည်း မထင်ပါဘူး ရယူပိုင်ဆိုင်ခြင်းကလည်း အချစ်မည်သလို ပေးဆပ်ခြင်းဟာလည်း အချစ်လို့ ခေါ်လို့ရပါသေးတယ် သက်မှတ်ချက်တွေ ယူဆပုံတွေကနေ အချစ်တွေ အမျိုးမျိုး ကွဲလွဲကုန်ကြတယ်
အဲ့ဒီထဲကမှ တစ်ဖတ်သက် အချစ် သေခွဲခွဲရတဲ့အချစ်တွေ ကတော့ အနာကျင်ရဆုံးပေါ့
နာကျင်ပေမဲ့လည်း ကျေကျေနပ်နပ်ကြီးကို ချစ်ခဲ့ကြတာပါပဲလေအချစ်ချင်းထပ်တူကျပြီး သက်ဆုံးတိုင်လက်တွဲသွားနိုင်ကြတဲ့ လူသားတွေကတော့
ရှေးရေစက်ပါပြီး ရွှေဖူးစာတည့်ခဲ့ကြတဲ့ ကံကောင်းဆုံး လူတွေပဲ ဖြစ်မယ် ထင်ပါရဲ့" သားငယ် သားငယ်ရေ မင်းကိုကိုလာတယ် အိမ်အောက်ဆင်းလာခဲ့အုန်း " မားမားရဲ့ ခေါ်သံကြားတာနဲ့ ပူရှိန်းတစ်ယောက် အလောတကြီး ပြေးဆင်းလာခဲ့လေတယ်...
ကိုကို ကိုဟိန်းလား ကိုဟိန်း ငါ့ဆီ ရောက်လာတယ်ပေါ့
လှေကားပေါ်ကနေ ပြေးဆင်းလာသော ပူရှိန်း
မားမားတစ်ယောက်လုံး ရှိနေတာတောင် မမြင်တော့ဘဲ ကိုဟိန်းဆီပြေးသွားကာ ခါးကို တင်းကျပ်စွာ ဖတ်ထားလျက်" ပူရှိန်း "
" အဟင့် ကိုဟိန်း...ကိုဟိန်း ကျွန်တော့်ဆီ မလာတော့ဘူး ထင်နေတာ ဘာလို့များ ကိုဟိန်းကို အမအင်ကြင်းမွှေးနဲ့ ထားခဲ့ရတာလဲလို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိတာ အဟင့် ချစ်တယ် ကျွန်တော် ကိုဟိန်းနဲ့ မခွဲနိုင်ဘူး "
YOU ARE READING
Fanboy
RomanceUnicode ဒီဇာတ်လမ်းလေးဟာ စိတ်ကူးယဥ်သက်သက်သာဖြစ်ပါတယ် ငါ မင်းကို မချစ်ဘူး ငါ ချစ်တာ မ ကို ကျွန်တော့်ကို မချစ်ရင် နောက်ထပ် လာမဆက်သွယ်ပါနဲ့တော့ ကျွန်တော့်ရင်တွေနာလှပြီဗျ ဟင့်အင်း ငါ မင်းကို မချစ်ဘူး ဒါပင်မဲ့ မင်းနဲ့ စကားတွေပြောချင်တယ် မင်းကို ငါ့အနားမှာ...