Unicode
အင်း ကျွန်တော်က လျှို့ဝှက်တတ်တဲ့ လူစားမျိုးထဲမှာ ပါတယ်
တော်ရုံတန်ရုံ ကျွန်တော့်အကြောင်းတွေကို တခြားသူကို ပြောပြရတာ မကြိုက်ဘူး
ဟိုသုံးယောက်ကိုတောင်မှ သိပ်မပြောပြဖြစ်ဘူး
အခုလည်း ကိုဟိန်းရောင်ခြည်က ကျွန်တော့်ရဲ့ ကိုကိုးဆိုတာကို သူတို့ကို မပြောပြဖြစ်ခဲ့ဘူး
ကိုကိုးအကြောင်းကိုတော့ ပြောဖူးတယ်
ငယ်တုန်းက ကိိုကိုး ကျွန်တော့်ကို ဘယ်လိုဂရုစိုက်တယ် ကျွန်တော် ဘယ်လို ချစ်မွှေးပါကြောင်းကိုတော့ ကြွားဖူးတယ်...ဟဟကျွန်တော့်ရဲ့ နေ့စဥ်အလုပ်တွေထဲမှာ မိုးလင်းတာနဲ့ ကိုဟိန်း acc ထဲကို ဝင်ကြည့်ပီး နိုးထရတာက အကျင့်တစ်ခုလို ဖြစ်လာခဲ့တယ်
အစကတော့ ကိုကိုးမို့လို့ ဟိန်းရောင်ခြည်ဆိုတဲ့ လူသားကို သဘောကျခဲ့မိတယ်လို့ ထင်မိတယ်
အခုတော့ အကို့ရဲ့ we love group တွေကိုလည်း join ဖြစ်တယ်
Page တွေကိုလည်း follow လုပ်ထားတယ်
မြင်ပါများတော့ ကိုယ့်မှာ သူ့ကို ချစ်ကျွမ်းဝင်ဆိုသလိုပါပဲ ကျွန်တော့်ရဲ့ new feeds က ကိုဟိန်းအကြောင်းတွေနဲ့ ပြည့်နှက်နေခဲ့တယ်
ကိုဟိန်းက ကိုရီးယားမင်းသားတွေလို မချောဘူး
တရုတ်မင်းသားတွေလိုလည်း မိမိုက်မနေဘူး
ဆွဲဲဆောင်မှုရှိတာ ကိုဟိန်းရဲ့ မျက်ခုံး စူးရှတဲ့မျက်လုံး မဲ့ပြုံးဆန်တဲ့ အပြုံးတစ်ချက် အရာရာက ရူးသွပ်စရာကောင်းလှတယ်
ဒီအချက်ကပဲ ကိုဟိန်းရဲ့ ဆန်း ထင်ပါရဲ့ဒီနေ့ ကျွန်တော်တို့ gp chat ထဲမှာ
မေလေးက သူ ကိုဟိန်းရောင်ခြည်နဲ့ cb မှာ စကားသွားပြောတာ သူ့ကို rp ပြန်လို့ အူးမြူးနေလေရဲ့အဲ့အကြောင်း ကြားရတော့ ကျွန်တော်လည်း ကိုဟိန်းနဲ့ စကားသွားပြောကြည့်ချင်လာတယ်
စိတ်အလိုလိုက်တတ်တဲ့ ကျွန်တော် နေ့တောင်မခြားပါဘူး အဲ့ညမှာပဲ ကိုဟိန်းရောင်ခြည်ဆီ စာ သွားပို့ဖြစ်ခဲ့တယ်ပထမဆုံးပြောမိတဲ့စကားက ...
" hi ကျွန်တော်က အကို့ fan ပါ အကို ဘာအစားအစာတွေကို ကြိုက်လဲ သိခွင့်ရှိမလားဗျ "
ပို့ပီးတော့မှ ဟာ....ငါ ဘာတွေ သွားပို့မိလိုက်တာလဲ idol ကို ပထမဦးဆုံး ပြောတဲ့စကားက အစားအကြောင်းတဲ့လား
ပြန်ပီးတော့ remove လုပ်ရမလားဆိုတဲ့ အတွေးတွေလည်း ဝင်လာတယ်
ဖြစ်ချင်တာဖြစ် ရှိန်းသော်ခန့်လုပ်ပီး အဲ့ညက လိုင်းမသုံးတော့ဘဲ အိပ်ယာဝင်ခဲ့တယ်
မနက်မိုးသောက်ရင်တော့ ကိုဟိန်းရဲ့ reply နဲ့ နိုးထရပါလို၏
YOU ARE READING
Fanboy
RomanceUnicode ဒီဇာတ်လမ်းလေးဟာ စိတ်ကူးယဥ်သက်သက်သာဖြစ်ပါတယ် ငါ မင်းကို မချစ်ဘူး ငါ ချစ်တာ မ ကို ကျွန်တော့်ကို မချစ်ရင် နောက်ထပ် လာမဆက်သွယ်ပါနဲ့တော့ ကျွန်တော့်ရင်တွေနာလှပြီဗျ ဟင့်အင်း ငါ မင်းကို မချစ်ဘူး ဒါပင်မဲ့ မင်းနဲ့ စကားတွေပြောချင်တယ် မင်းကို ငါ့အနားမှာ...