အပိုင်း ၁၁

85 5 0
                                    

Unicode

“ ခွီ ကိုဟိန်းက သရဲကြောက်တတ်တယ်တဲ့ ဟဟ
ကိုဟိန်း သရဲကြောက်တဲ့ အချိန်လေး မြင်ဖူးချင်လိုက်တာ 👻😂 အားး တော်တော်ချစ်ဖို့ကောင်းနေမှာပဲ တော်ပြီ တော်ပြီ အိပ်တော့မယ်
အိမ်မက်ထဲမှာ တွေ့မယ်နော် ကျွန်တော့်ရဲ့ idol ရေ ”

Time skip

“ တီလေး ဘာတွေချက် ”

“ အော် သားငယ် နိုးလာပြီလား ”

“ ဟုတ် တီလေး ဒါနဲ့ အိမ်မှာ ဘယ်သူမှလဲ မတွေ့ပါလား ဘယ်သွားကြလို့လဲ ”

“ သားကိုကိုက သူ့သူငယ်ချင်း‌တွေနဲ့ ချိန်းထားလို့တဲ့ အစောကြီးပဲ ထသွားလေရဲ့ ညီညီကတော့ အလုပ်မှာ ကိစ္စလေးရှိလို့ သွားတယ် သားရဲ့ ”

“ အော် ဟုတ် တီလေး ဒါနဲ့ တီလေးကို သား ဘာဝိုင်းကူပေးရမလဲဟင် ”

“ အမလေး လိမ္မာလိုက်တဲ့ကလေးလေး ရပါတယ်တော် နောက် ချိုကပြောနေပါအုန်းမယ် သူ့သားကို ခိုင်းတယ်ဆိုပြီး ”

“ ဟာ... တီလေးကလည်း မားမားက အဲ့လို့မပြောပါဘူး တီလေး ခိုင်းချင်တာ ခိုင်းလိုရပါတယ်ဗျာ တီလေး ခိုင်းစရာရှိရင် ခေါ်ခိုင်းနော် သား အိမ်ရှေ့မှာ ဇာတ်ကားကြည့်နေမယ် ”

“ အေးအေး သားငယ် ”

Time skip

“ အလို မင်းသားဟိန်းရောင်ခြည်ပါလား မန္တလေးလာတာတောင် ကျွန်တော်မျိုးတို့ဆီ ရောက်မလာပါလား ”

“ သားကြီး ရင်ထဲမှာ ပန်း‌တွေပွင့်နေတာ မဟုတ်ဘူးနော် ခနဲ့မနေနဲ့   ”

“ ဟေ့ရောင် ဟိန်းကို မင်း ဘာတွေညစ်နေတာလဲ မင်းရုပ်က မင်းသားနဲ့တောင် မတူတော့ဘူး ဘာလဲ ရည်စားပူမိနေတာလဲ ”

“ အေးကွာ အဲ့လိုပဲ ပြောရမှာပေါ့ ”

“ အဲ့လိုပဲ ပြောရမယ် လုပ်မနေနဲ့ မင်းရဲ့ မ ကို ငါနဲ့ စိုးကြီး ‌ကျုံးဘက်မှာ တွေခဲ့တယ်နော် ရန်ပိုင်ဆိုတဲ့ ‌မင်းသားလေးနဲ့ အနေအထားက သိပ်မမိုက်ဘူး ရုပ်ရှင်ရိုက်နေတာလား ဘာလားတော့ မသိဘူး ”

“ မင်းကလည်းကွာ မင်းသမီးပါဆိုမှ မြင်တိုင်း ‌လျှောက်ပြောမနေနဲ့ ရာဇာ မင်းမို့လို့နော် တခြားသူဆို မလွယ်ဘူး  ရိုက်ကွင်းရှိလို့ သူ ဒီရောက်နေတာ အဲ့ဒါ ငါ သိပြီးပြီ ”

FanboyWhere stories live. Discover now