အပိုင်း ၁၅

70 6 2
                                    

" ပူရှိန်း မင်း ဘယ်မှာလဲ "

" ဗျာ ကိုဟိန်း ကျွန်တော့်ကို ခေါ်တာလား "

" အင်း "

" မီးဖိုချောင်ထဲမှာ ပန်းကန်တွေ ဆေးနေတာဗျ "

" အော် "

" ဘာပြောမလို့လဲ ကိုဟိန်း "

" ဘာမှမဟုတ်တော့ဘူး
ဒီတိုင်း ပျင်းလို့ ခေါ်ကြည့်တာ "

ကိုဟိန်းတစ်ယောက် ပျင်းနေပြီထင်တယ်
ဒီနေ့ ရှူတင်လည်းမရှိ အပြင်သွားစရာလည်းမရှိဆိုတော့ မနက်စာ စားပြီးကတည်းက အခန်းထဲ ဝင်သွားလိုက်တာ အခုမွ ပျင်းလို့ ထွက်လာပုံ ရသည် ရေခဲသေတ္တာဖွင့်လိုက် တီဗီကြည့်လိုက် မဂ္ဂဇင်းကောက်ဖတ်လိုက်နှင့် နေမထိထိုင်မသာ ဖြစ်နေပုံရသည်

" ကိုဟိန်း ကျွန်တော် ကိုဟိန်းကို ပြောစရာရှိလို့ "

" ပြောလေ "

" ဒီနေ့လည် ကျွန်တော်အပြင်သွားမလို့ အိမ်ပြန်ပြီး မားမားနဲ့လည်း တွေ့မယ် ပြီးတော့ ကျွန်တော့်သူငယ်ချင်းတွေနဲ့လည်း ချိန်းထားလို့ "

" သွားပေါ့ အပြင်သွားတာပဲ ငါ့ကို အဲ့လောက်ထိ လိုက်ပြောပြနေစရာ မလိုပါဘူး မင်းက ငါ့အလုပ်သမားမှ မဟုတ်တာ အလုပ်သမားဆိုရင်တောင် ငါ့မှာ ချုပ်ချယ်ပိုင်ခွင့် ရှိတာမှ မဟုတ်တာ "

" အဲ့လိုလည်း မဟုတ်ဘူးလေ ကျွန်တော်က ကိုဟိန်းဆီမှာ ခွင့်တောင်းတာ မဟုတ်ဘူးဗျာ အသိပေးတာ ညနေ ကျွန်တော့်ကို ထမင်းစားစောင့်နေမှာစိုးလို့ ကိုယ့်ပါကိုယ်ပဲ စားနှင့်လိုက်လို့ ပြောချင်တာ "

" မင်းဝမ်းနဲ့ ငါ့ဝမ်းနဲ့က ဆက်နေတာမှ မဟုတ်တာ ငါဆာရင် ငါ့ဘာငါ စားနှင့်မှာပေါ့ "

" ok ကိုဟိန်းအဆင်ပြေရင်လည်း ပြီးရော ဒါနဲ့ ကိုဟိန်း တစ်ယောက်ထဲ ပျင်းနေရင် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ကောင်မလေးနဲ့ပဲဖြစ်ဖြစ် သွားတွေ့ပါလားဗျ အိမ်မှာနေရတာ ပျင်းစရာကြီးကို "

" မ က အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတယ် ဒီမှာ မရှိဘူး "

" အော် သူငယ်ချင်းတွေရော "

" မင်း ဒီရောက်ပြီးကတည်းက ငါ့သူငယ်ချင်း ဘယ်နှစ်ယောက်နဲ့ တွေ့ဖူးလို့လဲ "

FanboyWhere stories live. Discover now