" ကိုဟိန်း ထမင်းစားခဲ့ပြီးပြီလားဟင် "
" အင်း "
" ဟိုလေ ခုနက ဖုန်းဝင်လာတယ် ကိုဟိန်းရေချိုးနေတုန်းက ဟိုတစ်ခေါက်က ကမ်းလှမ်းထားတဲ့ အချိုရည်ကြော်ငြာလေ အဲ့ဒါ ပြသာနာလေးပေါ်လာလို့ မရိုက်ဖြစ်တော့တဲ့အကြောင်း လှမ်းပြောတာတဲ့ "
" ဘယ်ကြော်ငြာလဲ မ နဲ့ အတူတူ ရိုက်ရမဲ့ဟာလား "
" ဟမ် "
" မအင်ကြင်းမွှေးနဲ့ တွဲလုပ်ရမဲ့အလုပ်ကိစ္စလားလို့ "
" ဟုတ် "
" အဆင်ပြေသွားတာပေါ့
မင်း ဘာပြောစရာရှိသေးလဲ မရှိတော့ရင် ငါ နားချင်ပြီ "" အော် ဟုတ် ဟုတ်ကဲ့ အဲ့ဒါဆို ကိုဟိန်း နားတော့လေ ကျွန်တော်လည်း သွားအိပ်တော့မယ် "
.....................
ဟူးးး ပူရှိန်း ပူရှိန်း မင်းဟာလေ ငါ့ကို တော်တော်စိတ်ညစ်စေတာပဲ မင်းအကြောင်းတွေပိုသိလာလေလေ ပိုစိတ်ညစ်ရလေပဲ ဒီတိုင်း ငါ့ဘေးနားမှာ စကားပြောတတ်တဲ့အရုပ်လေးတစ်ရုပ်အဖြစ်ပဲ ရှိနေပေးလို့ မရဘူးလား
ငါ်ကိုယ်ငါလည်း မသိတော့ဘူး
မင်းမှာချစ်နေရတဲ့သူရှိနေပြီလို့ ကြားရုံနဲ့ ဘာလို့ ငါ့ရင်တွေ ပူလောင်နေရတာလဲ
မင်းကို ဘာလို့ စိတ်မချ ဖြစ်နေရတာလဲ
အမြဲ တလွဲလွဲတချော်ချော်နဲ့ ကိုယ့်ကိုယ့်ကိုယ် ဂရုမစိုက်တတ်တဲ့ကောင်လေးမို့ ငါကပဲ လိုက်ဂရုစိုက်ပေးနေမိတာလား
အပေါင်းအသင်းမများတဲ့ ငါ့အတွက် မင်းက ခင်တွယ်စရာတစ်ခု ဖြစ်နေခဲ့တာလား
မင်းနဲ့ပတ်သတ်ပြီး အရမ်းစိုးရိမ်တတ်လာတာတော့ မဖြစ်သင့်ဘူး ထင်တယ်နော်
ငါက မင်းဆွေမျိုးလည်း မဟုတ်ဘူး မင်းချစ်သူလည်း မဟုတ်ဘူး မင်းနဲ့လည်း ဘာမှမတော်ဘူး ညီတစ်ယောက်လိုသဘောထားလို့ စိုးရိမ်တယ်လို့ ပြောရအောင်လည်း ငါ့ညီ ညီညီကိုတောင် ငါ အဲ့လောက် စိတ်မပူခဲ့ရဘူး
မင်းမှ မင်းကိုမှ ငါ အလိုမကျမှုတွေ ဖြစ်နေခဲ့ရတာ ဟူးး မင်းက တကယ့်ကို လူချစ်လူခင်ပေါတဲ့ကောင်လေးပဲ..................
ကိုဟိန်း ဒီနေ့ ဘာဖြစ်နေတာလဲ မသိဘူး
အလုပ်မှာ စိတ်ညစ်စရာတွေ ပါလာတယ်နဲ့တူတယ် ဒါမှမဟုတ် မအင်ကြင်းမွှေးကြောင့်များလား အေးလေ တစ်ယောက်ကိုတစ်ယောက်ချစ်ခဲ့ကြတဲ့သူတွေဆိုတော့လည်း ခွဲနေရတာ ဘယ်နေသားကျအုန်းပါ့မလဲ ကိုဟိန်းလည်း လွမ်းနေရှာမှာပေါ့ အဲ့ဒါ ငါ့ကြောင့် ငါ အနေအထိုင်မတတ်ခဲ့လို့ ကိုဟိန်းပါ အခုလို ငါ့ပြသာနာတွေထဲ ဝင်ပါမိပြီး စိတ်ညစ်နေရတာ
YOU ARE READING
Fanboy
RomanceUnicode ဒီဇာတ်လမ်းလေးဟာ စိတ်ကူးယဥ်သက်သက်သာဖြစ်ပါတယ် ငါ မင်းကို မချစ်ဘူး ငါ ချစ်တာ မ ကို ကျွန်တော့်ကို မချစ်ရင် နောက်ထပ် လာမဆက်သွယ်ပါနဲ့တော့ ကျွန်တော့်ရင်တွေနာလှပြီဗျ ဟင့်အင်း ငါ မင်းကို မချစ်ဘူး ဒါပင်မဲ့ မင်းနဲ့ စကားတွေပြောချင်တယ် မင်းကို ငါ့အနားမှာ...