" ဝါးးးးးဝါးးးးး "
အိပ်ကောင်းကောင်းနဲ့ အိပ်လိုက်တာ မိုးတောင်ချုပ်နေပြီပဲ
" ဂွီ.... "
ဗိုက်ထဲက အချက်ပေးသံကြောင့် တစ်ခုခုစားရန် ပြင်ဆင်ဖို့ မီးဖိုချောင်သို့ ထလာလိုက်သည်
.........
" ချပိုက်ချီအနက်ရောင်အထုပ်လေး စားချင်လို့ ဟားဟား အူတက်နေပြီ ပြောလည်းပြောချင်စရာပဲလေ ဒီချပိုက်ချီအနက်ရောင်လေးက တော်တော်စားလို့ကောင်းတာကို ဟဟ... "
တဂွီဂွီမြည်နေတဲ့ အစာအိမ်ကို ဖြည့်တင်းပြီးတဲ့နောက် နံရံပေါ်က နာရီသို့ အကြည့်ရောက်သော်
" 8 နာရီတောင် ထိုးနေပြီပဲ ကိုဟိန်းလည်း ပြန်မလာသေးပါလား....ဟူးးး မနက်ထဲက ထွက်သွားလိုက်တာ အခုချိန်ထိကို ပြန်ရောက်မလာသေးဘူး သူ့ကို နေ့တိုင်းမြင်ချင်လို့သာ သူ့အိမ်မှာ လာနေပါတယ်.....အခုတော့ အိမ်စောင့်လုံးလုံးကို ဖြစ်နေပြီ ဟင်းးးး ပျင်းလိုက်တာ ဘာလုပ်ရင်ကောင်းမလဲ ......... "
" ဟယ်လို အန်ကယ်ဦးကျော်စွာရဲ့သမီး မမေလေးလား ခင်ဗျ "
" ရှင် ဟုတ်ကဲ့ ကျွန်မ မမေလေးပါ ဒါနဲ့ ဘယ်သူများလဲ "
" ဒီမှာ မမေလေးခင်ဗျ ကျွန်တော်ပြောတာကို သေချာနားထောင်ပေးပါ မမေလေးရဲ့နှစ်ဆယ့်ခြောက်ယောက်မြောက် crush က မမေလေးကို ပြန်မချစ်နိုင်ကြောင်း ပြောခိုင်းလိုက်လို့ပါ သူ့ကိုလည်း လိုက်မနှောင့်ယှက်ဖို့ပါ တစ်ပါတည်း မှာကြားလိုက်ပါတယ်
မမေလေးကို သူ လုံးဝ လုံးဝ ပြန်မချစ်နိုင်ပါဘူးတဲ့ခင်ဗျာ ခွီ "" အမယ် လာလာချည်သေး နင်က ဘယ်ကကောင်တုန်း ဘာတဲ့ ငါရဲ့ နှစ်ဆယ့်ခြောက်ယောက်မြောက် crush ဝေါ့ သူက စောက်ရမ်းချေလို့ ငါ မကြိုက်တော့တာ ကြာပြီလေ နင်က အခုမှ ဘာထဖြစ် ငါ့ရဲ့ သုံးဆယ့်တစ်ယောက်မြောက် crush နဲ့တောင် အဆင်ပြေနေပြီ မကြာခင် မင်္ဂလာဆောင်ဖိတ်စာပို့လိုက်မယ် လက်ဖွဲ့ကြိုပြင်ထားအုန်း ကောင်စုတ် ရှိန်းသော်ခန့် "
" ဟားဟား ဟားဟား သေပါပြီ ငါ အူတက်နေပြီ မေလေး နင် ငါ့အသံ မှတ်မိတယ်ပေါ့ "
YOU ARE READING
Fanboy
RomanceUnicode ဒီဇာတ်လမ်းလေးဟာ စိတ်ကူးယဥ်သက်သက်သာဖြစ်ပါတယ် ငါ မင်းကို မချစ်ဘူး ငါ ချစ်တာ မ ကို ကျွန်တော့်ကို မချစ်ရင် နောက်ထပ် လာမဆက်သွယ်ပါနဲ့တော့ ကျွန်တော့်ရင်တွေနာလှပြီဗျ ဟင့်အင်း ငါ မင်းကို မချစ်ဘူး ဒါပင်မဲ့ မင်းနဲ့ စကားတွေပြောချင်တယ် မင်းကို ငါ့အနားမှာ...