Unicode
" လုံးလုံး တာတာ့ ကိုကိုး ပြန်တော့မယ်နော် "
" တာတာ့ "
" အော် မေ့တော့မလို့ ကိုးကိုးကို ဖုန်းနံပါတ် ပေးအုန်း သတိရရင် ဖုန်းဆက်မလို့
နောက်တစ်ခေါက် ရန်ကုန် လာဖြစ်မှပဲ မုန့်လိုက်ကျွေးတော့မယ် "ကျွန်တော့်ဆံပင်တွေကို ဖွဖွလေး ပုတ်လိုက်တဲ့
ကိုးကိုး ငယ်တုန်းက အကျင့်တွေအခုထိ မပျောက်သေးဘူးပဲ" ကိုကိုးရော့ ဒီမှာ ကျွန်တော့်ဖုန်းနံပါတ် ကိုကိုး fb acc ပါ add လိုက်လေ "
" အင်း လိမ်လိမ်မာမာနေနော် အစားလည်းလျှော့ ဖတ်တီးလေး ဖြစ်တော့မယ်
လိုချင်တာရှိရင် ကိုကိုးကို ပြော ကိုကိုးရဲ့ လုံးလုံးလေး ငယ်တုန်းကလို အနိုင်ကျင့်သမျှ ခံချင်လို့ "" ကိုကိုးး ကျွန်တော် စိတ်ဆိုးမိတော့မယ်နော် "
" ရွှေစိတ်တော် တော့ မညှိုးလိုက်ပါနဲ့ဗျာ
ကျွန်တော်မျိုးကြီး မ စ တော့ ပါဘူး "" ညီညီ စကားပြောပီးရင်လည်း သွားရအောင်ကွာ "
" ဟို....ခဏလေး "
" ဘာလဲ "
" ကျွန်တော် ကိုဟိန်းကို အားပေးနေတယ်လို့ ပြောချင်လို့ပါ "
" အော် အင်း ကျေးဇူး "
" bye "
ငယ်ငယ်လေးထဲက ချေတဲ့ ကိုကိုကတော့ ချေမြဲချေဆဲပါပဲ မိသားစုကလွဲပီး တစ်ခြားသူတွေနဲ့ဆို စကားနည်းတဲ့ ကိုကို
အခုချိန်ထိကို မပြောင်းလဲသေးပါလား
Messenger မှာတောင် စကားချိုသာသေးတယ် သူ့ fan မို့ ကောင်းကောင်းမွန်မွန်
ပြန်ပြောတာပဲ ဖြစ်မှာပါ
မေမေကလည်း သားငယ်ပဲ ခေါ်တယ်
ကိုကိုးကလည်း လုံးလုံးပဲ ခေါ်တော့
ကျွန်တော် ရှိန်းသော်ခန့်မှန်း ကိုဟိန်း
မသိသေးဘူးနဲ့ တူတယ်
ငယ်ငယ်ကပြောဖူးတဲ့ ကျွန်တော့်နာမည်အရင်းကိုတောင် ကိုဟိန်း မမှတ်မိဘူးထင်ပါရဲ့
မေလေးတို့နဲ့တွေ့တုန်းကလည်း သတိမထားမိဘူး ထင်တယ်
အေးလေ ငါ့နာမည်ကို မှတ်ထားရလောက်အောင်
ကိုဟိန်းနဲ့ ငါ့ကြားမှာ ငယ်သံယောဇဥ်က ထင်သလောက်မှ မရှိခဲ့တာ......
YOU ARE READING
Fanboy
RomanceUnicode ဒီဇာတ်လမ်းလေးဟာ စိတ်ကူးယဥ်သက်သက်သာဖြစ်ပါတယ် ငါ မင်းကို မချစ်ဘူး ငါ ချစ်တာ မ ကို ကျွန်တော့်ကို မချစ်ရင် နောက်ထပ် လာမဆက်သွယ်ပါနဲ့တော့ ကျွန်တော့်ရင်တွေနာလှပြီဗျ ဟင့်အင်း ငါ မင်းကို မချစ်ဘူး ဒါပင်မဲ့ မင်းနဲ့ စကားတွေပြောချင်တယ် မင်းကို ငါ့အနားမှာ...