Unicode
သူနဲ့ တွေ့ပီးနောက်ပိုင်း ကျွန်တော့်ရဲ့ နေ့ရက်တိုင်းက ပိုပျော်စရာကောင်းလာတယ်
စိတ်ရှုပ်နေရင် သူ့အကြောင်းတွေးလိုက်တာနဲ့ တစ်ဝက်လောက် စိတ်သက်သာရာ ရစေတယ်
သူ့အကြောင်းကြားလိုက်ရုံနဲ့ ပျော်ရွှင်ရတယ်
အဲ့လောက်ထိ ကျွန်တော့်အပေါ် သက်ရောက်မှုရှိနေခဲ့ပီ......................
" မားမား ဟင်းတွေကလည်း များလှကြီးလား "
" အော် သားငယ် ဒီနေ့ အိမ်ကို ဧည်သည့်လာမှာလေ အဲ့ဒါကြောင့် "
" အော်....."
" ဒါနဲ့ နေပါအုန်း သားငယ် မင်း ဘယ်သွားမို့လဲ လွယ်အိတ်ကြီးနဲ့ "
" ဒီနေ့ မေလေးက သူ့အိမ်မှာ သူငယ်ချင်းတွေစုပီး hotpot လုပ်စားကြမယ်တဲ့ "
" အာ့ဆို ဒီနေ့ ထမင်းမစားဘူးပေါ့ "
" ဟီး "
" သားငယ်လည်းနော် အိမ်ကပ်တယ်ကို မရှိဘူး
ဒီနေ့ မေဆုတို့ လာပါမယ်ဆိုမှ "" မားမားကလည်း ဟမ် အန်တီမေဆုလား
မားမား "" အေးလေ "
" အာ....အာ့ဆို ကိုကိုးလည်း ပါလာမှာပေါ့ "
" အင်းလေ ဘာဖြစ်လို့လဲ "
" မားမားကလည်း ကြိုမပြောဘူး သား ရေမချိုးရသေးဘူး ရေမြန်မြန်သွားချိုးလိုက်အုန်းမယ် "
" ဟဲ့ သားငယ် သမီးမေလေးတို့ဆီ သွားမို့ဆို "
" မသွားတော့ဘူး မားမားရေ ဒီနေ့ အိမ်မှာပဲ နေမှာ "
" တတ်လည်းတတ်နိုင်တယ် အခုပဲ သွားမယ် အခုပဲ မသွားတော့ပြန်ဘူး အခုခေတ် ကလေးတွေ မလွယ်ဘူး စိတ်မြန်လက်မြန်နဲ့ "
....................
အာ....ဘာဝတ်ရမလဲ ကပ်စီးကုပ်ခဲ့သမျှ အခုမှပဲ
ထိတော့တယ်
မားမား အဝတ်အစားဝယ်ပေးမယ်ဆို ကိုယ့်ပါကိုယ် ဝယ်မယ်လို့ပြောပီး မဝယ်ဘဲ ပိုက်ဆံတွေစုထားခဲ့တာ
အခု ဘာဝတ်ရမလဲ
ဂျင်းဘောင်းဘီ - မဟုတ်သေးပါဘူး အိမ်မှာနေတာကို
ပုဆိုး - ဒါလည်း ဝတ်နေကျမှမဟုတ်တာ ကျွတ်ကျနေမှ ကိုကိုးရှေ့မှာ အရှက်ကွဲနေအုန်းမယ်
YOU ARE READING
Fanboy
RomanceUnicode ဒီဇာတ်လမ်းလေးဟာ စိတ်ကူးယဥ်သက်သက်သာဖြစ်ပါတယ် ငါ မင်းကို မချစ်ဘူး ငါ ချစ်တာ မ ကို ကျွန်တော့်ကို မချစ်ရင် နောက်ထပ် လာမဆက်သွယ်ပါနဲ့တော့ ကျွန်တော့်ရင်တွေနာလှပြီဗျ ဟင့်အင်း ငါ မင်းကို မချစ်ဘူး ဒါပင်မဲ့ မင်းနဲ့ စကားတွေပြောချင်တယ် မင်းကို ငါ့အနားမှာ...