အပိုင်း ၂

202 20 0
                                    

Unicode

" ဟဲ့ ရှိန်း နင့်ရုပ်ကလည်း ဘာဖြစ်နေတာလဲ
ငါနဲ့ကေကေ ဟိန်းရောင်ခြည်နဲ့ ဓာတ်ပုံသွားရိုက်ချင်လို့ အဲ့ဒါ နင် လိုက်ခဲ့ပေးအုန်း "

" မလိုက်ချင်ပါဘူးဟာ နင်တို့သွားချင်တာ ကိုယ့်ပါကိုယ် သွားပါလား "

" ဟဲ့ ငါတို့က မိန်းကလေးတွေလေ
ပီးတော့ သူက မာနကြီးလား မကြီးလားလည်း မသိဘူး နင်ပါတော့ အဖော်ရတာပေါ့ လိုက်ခဲ့ဟာ "

" ဟိုကောင် ကြည်သာ ခေါ်သွားပါလား ဒါနဲ့ ကြည်သာ ဘယ်ရောက်သွားတာလဲ "

" နင့်သားက နင့်ချွေးမဖုန်းလာလို့ အပြင်မှာ သွားပြောနေတယ် နင်လိုက်ရင် ငါတို့က ဒီဝိုင်းကို တစ်ဝက်ရှင်းပေးမှာနော် လိုက်တာ မလိုက်တာကတော့ နင့်သဘောပဲ "

" လိုက်ပေးမယ်ဟေ့ လိုက်ပေးမယ် သွား
နင်တို့ တစ်ဝက်တော့ ရှင်းရမှာနော် "

" ရှင်းပါမယ်တော် ရှင်းပါမယ် "

......

" ဟို အကိုက မော်ဒယ်မင်းသား ဟိန်းရောင်ခြည် မလား "

" အမ် ဟုတ်ပါတယ် ကျွန်တော် ဟိန်းရောင်ခြည်ပါ "

" ညီမက အကို့ပရိတ်သက်ပါ အကို့ပုံတွေ facebook မှာ တက်လာတည်းက သဘောကျခဲ့တာ "

" မေလေးလည်း အကို့fan ပါ
အကိုဟိန်းရောင်ခြည်က အပြင်မှာ ပိုချောတယ်နော် ပီးတော့ အရှည်ကြီးပဲ "

" အမ် "

" အရပ်လေ အရပ်လည်း ရှည်တယ် ရုပ်လည်း ချောတယ် ညီမရဲ့ idea type အဟီး "

" ဟို...ကျေးဇူးနော် ညီမတို့ အကို့ကို ချစ်ပေးကြလို့ "

" အိုက်စ် အသံလေးကလည်း ကြွေချင်စရာလေး "

" ဟို..ထိုင်...ထိုင်ပါအုန်းလား ညီမတို့ "

" ဟုတ် ကိုဟိန်း...ကိုဟိန်းလို့ ခေါ်မယ်နော်
ညီမနာမည်က ကေကေပိုင်ပါ ကေကေလို့ ခေါ်လည်း ရတယ် ဟီး ကေကေ့ကို မှတ်ထားပေးနော် "

" အင်း အကို မှတ်ထားပါ့မယ် "

" နောက်ခါ လမ်းမှာတွေ့လို့ ကေကေ နာမည် ဘယ်သူလဲမေးလို့ မသိရင် စိတ်ဆိုးမှာနော် "

FanboyDonde viven las historias. Descúbrelo ahora