Unicode
လူတစ်ယောက်ကို ချစ်ရတာ မလွယ်ကူလိုက်တာ
ရိုးရိုးလေးချစ်ပြီး ရိုးရိုးလေးပဲ ဖြတ်သန်းလို့မရဘူးလားဗျာ
အကို့ကို ချစ်မိတာ ကျွန်တော် မှားသွားလားဟင်
အရင်တုန်းကလည်း အရင်တုန်းကမို့လို့ straight တစ်ယောက်ကိုမှ ချစ်မိသွားလို့ဆိုပြီး ကျွန်တော် ငိုခဲ့ရပြီးပြီ အခု ကံကြမ္မာက ကျွန်တော့်ကို မျက်နှာသာ နည်းနည်းပေးတယ်လို့ထင်တုန်း ရှိပါသေးတယ်ဗျာ
ဘာလို့ ကျွန်တော်က ဒီအဖြစ်အပျက်မှာ ဗီလိန်ဇာတ်ကောင်နေရာက ပါဝင်နေရတာလဲ
အမအင်ကြင်းမွှေးဆီကနေ ကျွန်တော် ကိုဟိန်းကို လုယူခဲ့သလို ဖြစ်သွားခဲ့တာလား
ဇာတ်လမ်းအဆုံးမှာ မင်းသားက မင်းသမီးနဲ့ပဲ ညားသွားမှာလား ကျွန်တော်က လူတွေအားလုံးမုန်းမဲ့ ဇာတ်ကောင်ဖြစ်လာမှာလား
အင်းလေ မင်းသားနဲ့မင်းသမီးညားတဲ့ ပျော်ရွှင်စရာဇာတ်သိမ်းကိုပဲ လူတွေက လိုချင်ကြမှာပေါ့
ဒါပေမဲ့ ကျွန်တော်ကရော........ဟူးးးးး
လောကကြီးရေ ကျွန်တော့်ကို မေ့မနေပါနဲ့နော်
အဆင်မပြေမှုတွေကြားထဲကမှ ကျွန်တော့်ရဲ့ပျော်ရွှင်မှုလေးဖြစ်တဲ့ ကိုဟိန်းကိုတော့ ကျွန်တော့်အတွက် ချန်ပေးခဲ့ပါအုန်းနော်
ပြောမပြတတ်အောင် တန်ဖိုးထားပြီး ချစ်ရလို့ပါရှိန်းလေးရဲ့ ရင်ဖွင့်စရာဖြစ်တဲ့ ဖက်ခေါင်းအုံးလေးခမျာ မျက်ရည်တွေစိုရွှဲလျက်
ရှိန်းသော်ခန့်ဆိုတဲ့ ကောင်လေး
ဟိန်းရောင်ခြည်ဆိုတဲ့ မင်းသားလေးကို မချစ်မိခင်တုန်းကတော့ ပျော်ပျော်နေတတ်တဲ့ ကပ်စီးနဲလေးပေါ့ သူ့ခမျာ သူချစ်ရတဲ့ မားမားရယ်ပါးပါးရယ် သူငယ်ချင်းတွေရယ်နဲ့ အကိုတစ်ယောက်လို ခင်မင်ရတဲ့ ကိုကိုး ရှိနေရုံနဲ့သာ အဆင်ပြေပြီလို့ တွေးထင်ထားတဲ့ ကောင်လေး
အချစ်ရေးကံမကောင်းနိုင်ဘူးလို့ တတ်သိနားလည်တဲ့သူတွေက ပြောကြပေမဲ့
အချစ်ကို အယုံအကြည်မရှိတဲ့ကောင်လေး
မိဘတွေကလည်း ချစ်ခြင်းမေတ္တာရော အရာအားလုံးကိုရော လိုတာမရှိရအောင် ဖြည့်စည်းပေးထားတာကြောင့် ဘဝကို ညိမ့်ညိမ့်ညောင်းညောင်းနဲ့ အေးဆေးပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ ကောင်လေး ချောတာမြင်ရင် ချောလိုက်တာ ချစ်စရာကောင်းတာမြင်ရင် ချစ်စရာလေးနော် ဆိုပြီး ရေရွတ်ရုံကလွဲလို့ ဘယ်အရာကိုမှ လိုချင်တပ်မက်မှု မရှိခဲ့တဲ့ကောင်လေး ကပ်စီးနဲလေးပေါ့ မားမားပေးတဲ့ မုန့်ဖိုးတွေကို စုပြီး ပိုက်ဆံတွေ တိုးတိုးလာတာကြည့်ပြီး ထိုင်ရေတွက်နေရတာကိုပင် ပျော်စရာလို့ သက်မှတ်ထားတဲ့ ကောင်လေး သူ့ထက်ကြီးတဲ့ အဘိုးအဘွားတွေ မိဘမဲ့ကလေးတွေနဲ့ တိရစ္ဆာန်လေးတွေအပေါ်မှာသာ
ပေးကမ်းလှူဒါန်းတတ်တဲ့ကောင်လေး ဒီအရာတွေကလွဲလို့ သူ့ကိုယ်သူတောင် မသထာခဲ့တဲ့ ကောင်လေးက သူလေးစားချစ်ခင်ရတဲ့ idol တစ်ယောက်ကို Supporting အပြည့်အဝပေးနိုင်တဲ့ fan တစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာ သူ့အတွက် မလွယ်ကူခဲ့ပါဘူး
idol သာ အရာရာဆိုပြီး ပြောလို့ရလောက်အောင်ထိ သူ့ရဲ့ ပျော်ရွှင်မှုကြီးအဖြစ် သက်မှတ်ထားခဲ့တယ် သူ့ကိုယ်သူ ပြောင်းလဲခဲ့တယ်
ကံကြမ္မာအချိုးအကွေ့ကြောင့် မထင်မှတ်ဘဲ အချစ်နဲ့ ထိတွေ့မိတဲ့ အခါမှာလည်း
အရာရာကို အကောင်းဘက်ကနေပဲ တွေးခဲ့တယ်။ အချစ်ကို ရယူဖို့ မပြောနဲ့ ပွန်းပဲ့သွားမှာဆိုတဲ့ အရာဝတ္ထုတစ်ခုလို ထိတွေ့ဖို့တောင် မကြိုးစားခဲ့တာပါ။ သူ့အတွက် အချစ်ဆိုတာ
သူချစ်ရတဲ့သူရဲ့ အပြုံးလို့ မှတ်ယူထားတဲ့ကောင်လေး။ ချစ်ရသူအပြုံးတွေကို မြင်ရဖို့ဆို သူ ဝမ်းနည်းရမှာကိုတောင် မမှုခဲ့တဲ့ သူ။ အခုလည်း ချစ်ရသူ မင်းသားလေး အလိုကျ ဆုံးဖြတ်နိုင်ဖို့ သူ အိမ်ကို ပြန်လာခဲ့တယ် ။
သူ့လုပ်ရပ်က သူ့ကို နာကျင်စေတာ သိသိရက်နဲ့ ကို သူ လုပ်ခဲ့တယ်။ သူ ယုံကြည်ထားတာက ဖူးစာပါရင် ဆုံစည်းရမယ်ဆိုတာပါပဲ ။
ဖူးစာထက် ဦးရာ က ပိုအရေးကြီးတယ်ဆိုတာကိုတော့ ရှိန်းသော်ခန့်တစ်ယောက် သိသေးပုံမပေါ်။
YOU ARE READING
Fanboy
RomanceUnicode ဒီဇာတ်လမ်းလေးဟာ စိတ်ကူးယဥ်သက်သက်သာဖြစ်ပါတယ် ငါ မင်းကို မချစ်ဘူး ငါ ချစ်တာ မ ကို ကျွန်တော့်ကို မချစ်ရင် နောက်ထပ် လာမဆက်သွယ်ပါနဲ့တော့ ကျွန်တော့်ရင်တွေနာလှပြီဗျ ဟင့်အင်း ငါ မင်းကို မချစ်ဘူး ဒါပင်မဲ့ မင်းနဲ့ စကားတွေပြောချင်တယ် မင်းကို ငါ့အနားမှာ...