အပိုင်း ၁၇

59 6 1
                                    

Unicode

" ကျွန်တော်က ကိုဟိန်း လာမှလာပါ့မလားလို့
ကိုဟိန်းမလာရင် ကျွန်တော် ပြန်လာမှာ ဟီး အခု
ကိုဟိန်းရောက်လာတော့ ကျွန်တော် ပြန်လာစရာမလိုတော့ဘူးပေါ့ "

" မင်းက ငါမလာရင် ဘာလို့ ပြန်လာမှာလဲ "

" ကိုဟိန်းကို တစ်ယောက်ထဲ ထားခဲ့လို့ ရမလားဗျ နောက် ည မအိပ်ရဲရင် ဘယ်လိုလုပ်မလဲ "

" အဲ့ဒါလည်း မင်းသိတာပဲလား "

" ဒါပေါ့ ကိုဟိန်းအကြောင်း ကျွန်တော်အကုန်သိတယ် ကိုဟိန်းဘာကြိုက်တယ် ဘာမကြိုက်ဘူး ဆိုတာက အစ "

ရွဲ့ပြောလို့ ရွဲ့ပြောနေမှန်းလည်းမသိ အဟုတ်ကြီးမှတ်ပြီး ပြန်ဖြေနေလိုက်တာများ
ညမအိပ်ရဲတာနဲ့ပတ်သက်ပြီး တစ်ခြားလူပြောရင် စိတ်ဆိုးမိမှာ သေချာပေမဲ့ ဒီကောင်လေးကိုတော့ စိတ်မဆိုးမိ အနေနီးပြီးရင်းနီးသွားလို့များလာပင်
ပူရှိန်းက တကယ့်ကလေး သူ့မှာ မနာလိုဝန်တိုမှုလည်း မရှိဘူး ကျွန်တော့်ကိုလည်း ကြောက်ရှာတယ် ဆူလိုက်ရင် မျက်နှာက ငိုမဲ့မဲ့နဲ့ အဲ့လို
ကလေးတစ်ယောက်လို ဖြူစင်လွန်းလို့လည်း ဒေါသကြီးတတ်တဲ့ကျွန်တော်နဲ့ အဆင်ပြေနေတာ ထင်ပါရဲ့

" တိန် "

" အား နာတယ်ဗျ ဘာလို့ နဖူးကို လက်နဲ့လာတောက်တာလဲ "

" အဲ့ဒါ နေ့လည်က စားသောက်ဆိုင်မှာ မဟုတ်တာတွေ လျှောက်ပြောလို့ "

" ဟီး ကြားသွားတာလား အဲ့ဒါက သူတို့
ကိုဟိန်းဆီမှာ လာနေနေမှန်းသိရင် ကိုဟိန်းအိမ်ပေါ်ကနေကို ဆင်းမှာမဟုတ်ဘူး ပြီးတော့ ကိုဟိန်းပဲ ပြောထားတယ်လေ ဘယ်သူ့ကိုမှ လျှောက်မပြောရဘူးဆို "

" အဲ့ဒါနဲ့ပဲ ကလေးအဖေဇာတ်ရေးလိုက်တယ်ပေါ့ "
( မီ့ကို ပြောတာမဟုတ်ဘူးမလား 😝😂  )

" ဟာဗျာ ကိုဟိန်းကလည်း မတွေးတတ်တော့လို့ လျှောက်ပြောလိုက်တာပါဆို "

" ဘာတွေစကားကောင်းနေကြတာတုန်း မားကို လာဝိုင်းကူမယ်မရှိဘူး တစ်ယောက်နဲ့တစ်ယောက် မတွေ့ကြရဘူးဆိုတော့ အခုမှ စကားပြောရတယ်ပေါ့ "

" မားကလည်း ... "

..................

မစားရတာကြာတဲ့ မားမားလက်ရာကို ဗိုက်ကားတဲ့အထိ အဝ စားပေးလိုက်တယ်
ထမင်းစားပြီးတော့ ကိုဟိန်းအတွက် ပြင်ဆင်ထားတဲ့ ဧည့်သည်ခန်းကို လိုက်ပို့ပေးဖြစ်တယ်

FanboyWhere stories live. Discover now