အပိုင်း ၂၄

64 6 0
                                    

Unicode

ဟိန်းရောင်ခြည်ဆိုတဲ့ သူအရမ်းသဘောကျရတဲ့ မင်းသားကို အပြင်မှာ နီးကပ်စွာ တွေ့လိုက်ရခြင်းကတစ်ကြောင်း
ကျွန်တော်ချစ်မိသွားသော ကိုဟိန်းဖြစ်နေတာက တစ်ကြောင်းကြောင့်
မေလေးခမျာ တော်တော်လေး လန့်သွားရှာတယ်
နေရာမှာ မေလေးအိမ်တွင် ဖြစ်သည်

" အိမ်ထဲဝင်အုန်း ရှိန်း နင့်ကို ငါ ပြောစရာတွေကော မေးစရာတွေကော ရှိသေးတယ် "

" မြန်မြန်ပြော မေလေး နောက်ကျနေရင် ငါ့ကို ကိုဟိန်းဆူနေအုန်းမယ် "

" အမယ်လေး ဘာလဲ နင် လွမ်းနေပြီလား "

" နင်ကလည်း "

" ဘာမှ နင်ကမလည်းနဲ့ သူ့မှာရည်စားကြီးငုတ်တုတ်နဲ့ဆိုတာ မေ့မထားနဲ့အုန်း "

" ငါသိပါတယ်ဟာ "

" သိရင်ပြီးရော ရှိန်း နင်ဟာလေ ကြိုက်မှကြိုက်တော့လည်းနော် ငါကတော့ ဘာဆိုဘာမှ မပြောချင်ဘူး နင်ခံစားရမှာပဲ ကြောက်တာ ငါ့သူငယ်ချင်းလေးက အချစ်နဲ့ပတ်သက်ပြီး ဘာမှအတွေ့အကြုံရှိသေးတာမဟုတ်ဘူး "

" ငါ နားလည်သင့်သလောက်တော့ နားလည်နေပါပြီဟာ "

" နင်သိတာတွေက နည်းနည်းလေးပဲရှိသေးတယ်ဟဲ့ ပြီးတော့ တစ်ဖက်သတ်အချစ် အဲ့အချစ်ကြီးက ငါခံစားဖူးတာမို့ ဘယ်လောက်ထိ စိတ်ညစ်စရာကောင်းမှန်း ငါသိတယ် အဲ့လိုတွေ နင့်ကို မခံစားစေချင်လို့ ဒီလောက်ထိ ပြောနေရတာ "

" နင့်စေတနာတွေကို ငါနားလည်တယ် ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ ငါက ချစ်မိသွားပြီကို "

" ဟူးးးးး စိတ်ညစ်စရာတွေ တွေးမနေနဲ့တော့ နင် အကောင်းဆုံး ကျော်ဖြတ်နိုင်မှာပါ ငါယုံကြည်တယ် ဟုတ်ပြီလား ဖိုက်တင်း
ဟဲ့ ဒါနဲ့ မေးရအုန်းမယ် ကိုဟိန်းကောင်မလေးက ဘယ်သူလဲ မင်းသမီးပဲလား.မဟုတ်မှ သူနဲ့သတင်းထွက်နေတဲ့ တစ်ယောက်ပဲမလား "

" အင်း "

" ငါသိနေတယ် သူတို့နှစ်ယောက်က မရိုးဘူးဆိုတာ အခုတော့ ငါထင်သလိုတွေ ဖြစ်လာပြီပေါ့ ငါ့မင်းသားလေးတော့ ပါသွားပြီပေါ့နော် "

" မေလေး နင့်ရုပ်က ဘာဖြစ်တာလဲ ကိုဟိန်းက
နင့်သူငယ်ချင်းကြိုက်နေတဲ့တစ်ယောက်ဆိုတာလည်း သတိလေးပါလေး ရအုန်း ဒီနေ့ကစပြီး နင်နဲ့ ကေကေ ကိုဟိန်းကို စိတ်နဲ့တောင် ပြစ်မှားဖို့ မစဥ်းစားနဲ့ "

FanboyWhere stories live. Discover now