Unicode
ကျွန်တော့်နာမည်က ရှိန်းသော်ခန့်ပါ
သူငယ်ချင်းတွေကတော့ ရှိန်းလို့ ခေါ်ကြတယ်
ကျွန်တော့်မှာ စပ်စလူးစိန် သူငယ်ချင်းသုံးယောက်ရှိတယ်
ဘယ်ဘဝက ရေစက်လည်းတော့ မသိဘူး
သူငယ်တန်း ထဲကနေ အခု တက္ကသိုလ် ရောက်တဲ့အထိ ဒီသူငယ်ချင်းတွေနဲ့ပဲ ပေါင်းဖြစ်တယ်
ပါးပါးက တရုတ်အစစ်ဆိုတော့ ကျွန်တော့်ရဲ့ အသားအရည်က ဖြူစွတ်စွတ်
အရပ်က 5 ပေ 4 ပုတယ်လို့ ပြောရမှာပေါ့
ဒီကြားထဲ ပြုံးလိုက်ရင် မို့တက်လာတဲ့ ပါးနှစ်ဖက်
ကျွန်တော်က ချောတဲ့ထဲတော့ မပါဘူး
ဒါပင်မဲ့ ကြည့်ကောင်းတဲ့ပုံစံပါ
စွာစိလန် နဲ့ ချိန်ရှ ပြောသလိုဆိုရင်တော့
uke type ပေါ့
ဒါပင်မဲ့ ကျွန်တော်က လုံးဝ straight နော် သိဘို့
ကျောင်းတွေ ပိတ်ထားတဲ့အချိန်ဆိုတော့
ကျွန်တော်တို့ သူငယ်ချင်းတွေတောင် မဆုံဖြစ်တာ ကြာပီ
ဒီနေ့တော့ တွေ့ဖို့ ချိန်းထားကြတယ်" hello ရှိန်း နင် ဘယ်မှာလဲ မလာသေးဘူးလား
ငါတို့ စောင့်နေရတာ ကြာနေပီနော် "" စွာစိလန် တိုးတိုးပြောစမ်းပါဟာ နားကို အူသွားတာပဲ ရောက်တော့မယ် "
" ရောက်တာကို နောက်ထား လူကို အရင်မြင်ချင်တယ် 3 မိနစ်အတွင်း ရောက်အောင် လာနော်
နောက်ကျတဲ့လူ ဘေလ်ရှင်းရမှာ ok "" ချိန်ရှ နင်....."
" တီ... "
စွာစိလန် ရဲ့နာမည်အရင်းက ကေကေပိုင်
အသံအောင်ပီး စွာချက်ကတော့ အိပ်နေတဲ့ ကာလနဂါးတောင် နှိုးနိုင်ပါတယ်ချိန်ရှနာမည်က မေလေးကျော်စွာ
အန်ကယ်ဦးကျော်စွာရဲ့သမီး မမေလေး
ချိန်လိုက်တိုင်း ပါသွားတယ့်အပြင် ရှပါရှလို့
ချိန်ပါရှကနေ အတိုချုပ်အနေနဲ့ ချိန်ရှလို့ အမည်တွင်နေတာပါနောက်တစ်ယောက်ကျန်သေးတယ် သူကတော့ ကြည်သာစိုး skb ပေါ့
ကောင်မလေးတွေနဲ့ပဲ အမြဲအလုပ်ရှုပ်နေတဲ့ကောင် စာရိတ္တကတော့ ကောင်းပါတယ်
ပြန်မပြော နားမထောင် အလွယ်သမားကျစ်....ဒီနေ့မှ အိပ်ယာထတာက နောက်ကျ
ကားလမ်းတွေကလည်း ပိတ်
ဘေလ်တော့ လုံးဝ လုံးဝ မရှင်းနိုင်ဘူး
YOU ARE READING
Fanboy
RomanceUnicode ဒီဇာတ်လမ်းလေးဟာ စိတ်ကူးယဥ်သက်သက်သာဖြစ်ပါတယ် ငါ မင်းကို မချစ်ဘူး ငါ ချစ်တာ မ ကို ကျွန်တော့်ကို မချစ်ရင် နောက်ထပ် လာမဆက်သွယ်ပါနဲ့တော့ ကျွန်တော့်ရင်တွေနာလှပြီဗျ ဟင့်အင်း ငါ မင်းကို မချစ်ဘူး ဒါပင်မဲ့ မင်းနဲ့ စကားတွေပြောချင်တယ် မင်းကို ငါ့အနားမှာ...