Umicode
မွေးနေ့ပွဲကနေ ဆွဲထုတ်ခြင်း ခံလာရသော မွေးနေ့ရှင်
နေရာမှာ ဘားတစ်ခုတွင် ဖြစ်သည်" ဟိန်းကို သူငယ်ချင်း မင်း ခံစားရတာ ငါတို့သိတယ်ကွာ ဒါပေမဲ့ အဲ့လိုမိန်းကလေးတစ်ယောက်ကြောင့်နဲ့ မင်းပြိုလဲစရာမှမလိုတာ "
" မှန်တယ် ဟိန်းကို ရာဇာပြောတာ မှန်တယ် မင်းဘေးနားမှာ ဒီလောက်အချောအလှလေးတွေ ပေါတာ မင်းက ဘာကို အလိုမကျဖြစ်နေတာလဲ "
" အေ့ မင်းတို့မသိဘူး ငါ..... ငါ မ ကို သိပ်ချစ်တာ မ က ငါ့ရဲ့ရည်းစားဦး ဘာတွေဘယ်လိုဖြစ်ကုန်လဲတော့ အေ့ ငါလည်း မသိဘူး မ ငါ့ကို ချစ်တယ်ဆိုတာကို ငါယုံတယ် မ ကို မုန်းဖို့မပြောနဲ့
မချစ်ဘဲနေဖို့တောင် ငါ မတတ်နိုင်ဘူး အဲ့လောက်ထိကို ချစ်ရတာ "" အေးအေး အေးပါကွာ အဲ့ဒါဆိုလည်း နောက်နေ့ သေချာဖြေရှင်းလိုက်ပေါ့ မင်းမှ မပြတ်နိုင်တာ ဘာလုပ်လို့ရမှာလဲ အခုတော့ မင်းလည်း တော်တော်မူးနေပြီး အိမ်ပြန်ရအောင် ထ "
" မပြန်သေးဘူးကွာ ဟေ့ယျောင် ပြန်ထိုင် ထပ်မှာအုန်းမယ် "
" မင်းကိုယ်မင်းလည်း ကြည့်အုန်း ခေါင်းတောင်မဖော်နိုင်တော့ဘူး ပြန်ရအောင်ကွာ "
" ငါ မပြန်သေးဘူးဆို မပြန်သေးဘူးနော် ငါ့အကြောင်း မင်းတို့ကောင်တွေ သိတယ်မလား အခု ပြန်ထိုင် "
" အေးအေး ပြန်ထိုင်ဆိုလည်း ထိုင်မယ် မင်းကိုယ်မင်းလည်း ထိန်းအုန်း လဲတော့မယ် "
" အဟီး ဒီလိုမှာပေါ့ ဟေ့ရောင် ငါ့ဖုန်းရော ဖုန်းပေးစမ်း...... ဟယ်လို......"
" ဟာ ဟေ့ယျောင် ဘယ်သူ့ကို ဖုန်းလျှောက်ခေါ်နေတာလဲ "
" ဟယ်လို ကိုဟိန်း "
" ပူရှိန်းလေးလား ကိုကို့ရဲ့ပူရှိန်းလေးလားလို့..... ပူရှိန်းလေးရေ.. ပူတူတူးလေးရေ.. မင်း ဘယ်တွေ လျှောက်သွားနေတာလဲကွာ ကိုကို့ကို ထားပြီးတော့လေ ဒီမှာ ကိုကိုက မင်းကို လွမ်းနေတာ "
" ဟေ့ယျောင်ရာဇာ သူ ဘယ်သူ့ကိုဆက်နေတာလဲ မအင်ကြင်းလား "
" ပူရှိန်းလေး ကိုကို့ဆီ မလာတော့ဘူးလားလို့ ကိုကို လွမ်းလှပြီကွာ ကိုကိုဝမ်းနည်းနေတယ် သိလား အဲ့ဒါ ပူရှိန်းလေး နှစ်သိမ့်ပေးမှ ရမှာ "
YOU ARE READING
Fanboy
RomanceUnicode ဒီဇာတ်လမ်းလေးဟာ စိတ်ကူးယဥ်သက်သက်သာဖြစ်ပါတယ် ငါ မင်းကို မချစ်ဘူး ငါ ချစ်တာ မ ကို ကျွန်တော့်ကို မချစ်ရင် နောက်ထပ် လာမဆက်သွယ်ပါနဲ့တော့ ကျွန်တော့်ရင်တွေနာလှပြီဗျ ဟင့်အင်း ငါ မင်းကို မချစ်ဘူး ဒါပင်မဲ့ မင်းနဲ့ စကားတွေပြောချင်တယ် မင်းကို ငါ့အနားမှာ...