" ကိုကိုး ကျွန်တော်ဗိုက်ဆာတယ် စားသောက်ဆိုင်တစ်ခုခုဝင်ရအောင်ဗျာ "
" အိုကေလေ ဒါနဲ့ လုံးလုံးလေး ဘာစားချင်လဲ ဘယ်ဆိုင်ကိုဝင်ရမလဲ "
" ..... ကိုကိုးကျွေးမှာလား "
" ဒါပေါ့ လုံးလုံးလေးကို ရှင်းခိုင်းလို့ ဘယ်ဖြစ်မလဲ ကိုကိုးမှာ အလိုလိုက်ရမဲ့သူ ဒီတစ်ယောက်လေးပဲ ရှိတာကို "
" ဟီး ဒါမှ ကျွန်တော့်ကိုကိုး ဘယ်ဆိုင်ဖြစ်ဖြစ် နီးစပ်ရာဆိုင်ကိုသာ အမြန်မောင်းဗျာ ကျွန်တော်ဗိုက်ဆာနေပြီ ကိုကိုးရ "
" အလိုတော်အတိုင်းပါပဲဗျာ "
.................
Time skip
" လုံးလုံးလေး စားလေ ခုနက ပြောတော့ ဗိုက်ဆာနေပြီဆို ဘာလို့လဲ မကြိုက်လို့လား ကိုကိုးတို့နောက်တစ်ဆိုင် ထပ်သွားမလား "
" ဟာ.... မဟုတ်ပါဘူး စားကောင်းပါတယ်
ကိုဟိန်းကို တွေးမိသွားလို့လေ ...... ဒီချိန်ဆို
တစ်ယောက်တည်း အလုပ်တွေများနေပြီလား မသိပါဘူး ကျွန်တော်ကလည်း ဝိုင်းမကူနိုင်ဘူးလေ ပြီးတော့ ကိုကိုးက သူဝါသနာပါရာလုပ်နေရရင် ထမင်းမေ့ဟင်းမေ့ပဲဗျ "" ဘာလဲ လုံးလုံးက ကိုကို့ကို သတိရနေတာလား "
" ဟုတ် သူဘာသူဘယ်လောက်ပဲ ကျွန်တော့်ကို ဆူဆူအော်အော်ပါဗျာ နေ့တိုင်းရန်ဖြစ်နေရလည်း မတွေ့ရတော့ သတိရတာပေါ့ ဒီနေ့လည်း အတူတူလျှောက်လည်ရအောင်လို့ ခေါ်တာကို အလုပ်က ဖျက်မရလို့တဲ့
တစ်ခါတစ်လေကျရင် စဥ်းစားမိတယ် ကျွန်တော်သာ အနုပညာကြီးဆိုရင် ကိုဟိန်းက ကျွန်တော့်ကို တအားဂရုစိုက် အချိန်တွေပေးပြီး အရမ်းချစ်မှာပဲလို့လေ ဟားဟားးး "" ပေါက်ပေါက်ရှာရှာတွေ ထိုင်တွေးနေတာပဲ ဒီကလေးလေးကတော့ အဆာလွန်နေအုန်းမယ် တွေးမနေနဲ့တော့ စားလိုက်အုန်း "
" ဟုတ် ....
ကိုကိုး ဒါလေး စားကြည့် ကောင်းတယ် ""....."
" ကိုကိုး စားလို့ကောင်းလား "
" ... စပ်တယ်.... "
" ဟင် ကိုကိုးက အစပ်လည်း မစားနိုင်ဘူး
ခဏနော် ကျွန်တော် အအေးသွားယူပေးမယ် "
YOU ARE READING
Fanboy
RomanceUnicode ဒီဇာတ်လမ်းလေးဟာ စိတ်ကူးယဥ်သက်သက်သာဖြစ်ပါတယ် ငါ မင်းကို မချစ်ဘူး ငါ ချစ်တာ မ ကို ကျွန်တော့်ကို မချစ်ရင် နောက်ထပ် လာမဆက်သွယ်ပါနဲ့တော့ ကျွန်တော့်ရင်တွေနာလှပြီဗျ ဟင့်အင်း ငါ မင်းကို မချစ်ဘူး ဒါပင်မဲ့ မင်းနဲ့ စကားတွေပြောချင်တယ် မင်းကို ငါ့အနားမှာ...