Umicode
" ဟိန်းကို ဒီနေ့လည်း ရှိန်းသော်ခန့် အိမ်ပြန်မလာဘူးတဲ့ ငါ့ကိုဖုန်းဆက်တယ် "
" ကျစ် မနေ့ကလည်း ပြန်မလာဘူး ဒီနေ့လည်း ပြန်မလာပြန်ဘူးလား ဒါနဲ့ ဘာလို့မင်းကိုပဲ ဖုန်းဆက်တာလား ငါက အိမ်ရှင်နော် "
" ဘယ်သိမလဲကွ ဟိုကောင်လေးက မင်းမူးတာမြင်ပြီး ကြောက်လို့ ပြေးသွားပြီလားမှမသိတာ ဟားဟားး "
" ဖြစ်နိုင်တယ် စိုးကြီး အဲ့ဒါကြောင့်ပဲဖြစ်မှာ အဲ့နေ့ကတည်းက အဲ့ကောင်လေးကို မြင်ကိုမမြင်ရတော့တာ "
" တော်စမ်းပါကွာ ငါ ဒီလောက်ဆူငေါက်နေတာတောင် တစ်ချက်မှမကြောက်တဲ့သူက နည်းနည်းလေးမူးပြလိုက်တာနဲ့ ပြေးမယ်ပေါ့လေ မဟုတ်သေးပါဘူး "
..........
" ဟယ်လို ပူရှိန်းလား "
" ဟုတ် ကိုဟိန်း "
" မင်း ဘာလို့ပြန်မလာတာလဲ ဘာလဲ ငါ့ဆီမှာ လာမနေတော့တာလား မနေတော့ရင်လည်း တစ်ခါတည်းပြော မင်းလာချင်တိုင်းလာ သွားချင်တိုင်းသွားရအောင် ငါ့အိမ်က ဇရပ်မဟုတ်ဘူး
မင်း အခုဘယ်မှာလဲ "" အိမ်မှာ "
" ဘာလုပ်နေလဲ ဘာလို့ ပြန်မလာတာလဲ "
" နေမကောင်းလို့ "
" ဟမ် နေမကောင်းဘူး ကျစ် ဘာလို့ ငါ့မပြောတာလဲ ဆေးခန်းကောပြပြီးပြီလား အခုအိမ်မှာမလား ငါလာခဲ့မယ် "
..............
" အော် ဧည်သည့်ဆိုလို့ ဘယ်သူများလဲလို့
သားကိုပါလား လာ အိမ်ထဲဝင် သား "" အန်တီချို ပူရှိန်း နေမကောင်းဘူးဆို "
" ဟုတ်တယ် သားကိုရယ် ရေချိုးမှားပြီးအအေးမိသွားတာလေ အခုတော့ သက်သာနေပါပြီ "
" အခုသူဘယ်မှာလဲ သူ့အခန်းထဲမှာပဲလား "
" ဟုတ်တယ် သားကို တက်သွားလိုက်လေ
တီချို သားတို့အတွက် အသီးခွဲပြီး လိုက်လာခဲ့မယ် သားငယ်ရေ ဒီမှာ မင်းကိုကို လာတယ် ".................
ဒေါက်ဒေါက်
" ဝင်ခဲ့ပါ "
ŞİMDİ OKUDUĞUN
Fanboy
RomantizmUnicode ဒီဇာတ်လမ်းလေးဟာ စိတ်ကူးယဥ်သက်သက်သာဖြစ်ပါတယ် ငါ မင်းကို မချစ်ဘူး ငါ ချစ်တာ မ ကို ကျွန်တော့်ကို မချစ်ရင် နောက်ထပ် လာမဆက်သွယ်ပါနဲ့တော့ ကျွန်တော့်ရင်တွေနာလှပြီဗျ ဟင့်အင်း ငါ မင်းကို မချစ်ဘူး ဒါပင်မဲ့ မင်းနဲ့ စကားတွေပြောချင်တယ် မင်းကို ငါ့အနားမှာ...