Unicode
ဒီနေ့ ကြော်ငြာရိုက်ကွင်းတစ်ခုနဲ့ ကိုဟိန်း အလုပ်ရှုပ်လို့နေတယ်
လဲလိုက်ရတဲ့ ဝတ်စုံကလည်း ဆယ်စုံထက်မနည်း ဖြစ်နေပြီ ဒါရိုက်တာကလည်း ကိုဟိန်းကို မကြည်ဘူးထင်တယ် တစ်မျိုးပြီးတစ်မျိုး ပြသာနာရှာနေတယ်
ဒီမြင်ကွင်းကိုသာ video ရိုက်ပြီး fb ပေါ်တင်လိုက်ရင် ကိုဟိန်း fan တွေ ဝိုင်းလုပ်လို့
ဒီဒါရိုက်တာ ဆေးရုံပဲ ရောက်မလား
စားပေါက်ပဲပိတ်မလားပင်" ကိုဟိန်း ဒါ အဲ့လူကြီး သက်သက်ရစ်နေတာ
ခုနက အဆင်ပြေနေပြီကို "" ပူရှိန်း မင်းကလည်း ဒါ အလုပ်လုပ်နေတာ ကစားနေတာမှမဟုတ်တာ သည်းခံရမှာပေါ့
သူလည်း အပင်ပန်းခံပြီး ဘာလို့ လုပ်မှာလဲ အားလုံးက အကောင်းဆုံးဖြစ်အောင် လုပ်နေကြတာပဲကို "" ကိုဟိန်းက မမိုက်ပါဘူးဗျာ တခြားနေရာမှာသာ အတင်စီး မခံသာ အနုပညာနဲ့ပတ်သက်ရင် သည်းခံနားလည်ပေးတတ်လိုက်တာ လွန်းရော "
" ပူရှိန်း သွား ဟိုနားမှာ တိတ်တိတ်သွားထိုင်နေ တခြားလူတွေ ကြားသွားရင် မကောင်းဘူး "
" ကြားကြားပေါ့ "
" သွားစမ်းပါကွာ ပူရှိန်း လိမ္မာတယ် သွားထိုင်နေ
ဗိုက်ဆာရင် တစ်ခုခုသွားဝယ်စား ပြသာနာရှာမနေနဲ့ "" မဆာသေးပါဘူး ကိုဟိန်းနဲ့မှ အတူတူစားမယ် "
" အဲ့ဒါဆိုလဲ ငြိမ်ငြိမ်လေး သွားထိုင်နေ "
ဒါရိုက်တာကြီးကို ငရုတ်ကျည်ပွေ့ထဲထည့်ပြီး ဖွတ်ဖွတ်ညက်ညက်ကြေအောင်တော့ ထောင်းချင်နေပြီ ကိုဟိန်း တားနေလို့သာပေါ့
ဒီ့ထက်ပိုဆိုးလာရင်တော့ ရှိန်းသော်ခန့်အကြောင်း သိတော့မယ်...........
" ဟာ မင်းသမီး ဘယ်လာတာလဲ ရိုက်ကွင်းရှိလို့လား "
" ဘယ်မှမလာဘူး ဒီကိုပဲ တန်းတန်းမတ်မတ်လာခဲ့တာပါ ဒါရိုက်တာကြီးရဲ့ "
" ဟာ ဟုတ်လား ဘာကိစ္စရှိလို့လဲ ဟိုတလောတုန်းက ကျွန်တော်နဲ့ပြောထားတဲ့ ဇာတ်ကားကိစ္စပြောမလို့လား "
" ဘာတွေလောနေတာလဲ ဒါရိုက်တာကြီးရယ် အဲ့ကားကိစ္စကို အင်းကြင်း စဥ်းစားနေပါသေးတယ် အခုလာတာကလည်း အင်းကြင်းသူငယ်ချင်း ရောင်ခြည့်ဆီ လာတာ သူနဲ့ပြောစရာလေးတွေ ရှိလို့ ဒါနဲ့ ကြော်ငြာရိုက်ကွင်းက ကြာအုန်းမှာလား "
YOU ARE READING
Fanboy
RomanceUnicode ဒီဇာတ်လမ်းလေးဟာ စိတ်ကူးယဥ်သက်သက်သာဖြစ်ပါတယ် ငါ မင်းကို မချစ်ဘူး ငါ ချစ်တာ မ ကို ကျွန်တော့်ကို မချစ်ရင် နောက်ထပ် လာမဆက်သွယ်ပါနဲ့တော့ ကျွန်တော့်ရင်တွေနာလှပြီဗျ ဟင့်အင်း ငါ မင်းကို မချစ်ဘူး ဒါပင်မဲ့ မင်းနဲ့ စကားတွေပြောချင်တယ် မင်းကို ငါ့အနားမှာ...