အပိုင်း ၁၉

57 4 0
                                    

Unicode

Time skip

" ဟေ့ရောင် ဟိန်းကို ဟိန်းကို မထသေးဘူးလား မြန်မြန်တံခါးလာဖွင့်ကွာ "

အိမ်ရှေ့မှာ ဆူညံဆူညံနဲ့ ဘယ်သူတွေလဲ မသိဘူး
သင်တန်းစာမေးပွဲအတွက် စာမရသေးလို့
စာကြည့်နေပါတယ်ဆိုမှ အသံတွေက ပြဲနေရော
မဖြစ်သေးပါဘူး ထွက်ကြည့်မှ

" အဟမ်း ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲ ခင်ဗျာ "

" အမ် ဟေ့ရောင် စိုးကြီး ငါတို့အိမ်မှားလာတာလား ဒါမှမဟုတ် ဟိုကောင် ဟိန်းကို အိမ်ပြောင်းသွားတာများလား "

" ဟာ မမှားပါဘူး ငါသေချာမှတ်မိတယ်
ဒီကောင့်အိမ်ကို ဒါနဲ့ ဒီက ညီလေး ဒါ ဟိန်းကိုကို အိမ်မဟုတ်ဘူးလား "

" ဟိန်းကိုကို ဘယ်ကဟိန်းကိိုကိုလဲဗျာ ဒါနဲ့ အကိုတို့က သတင်းထောက်တွေလား "

" မဟုတ်ပါဘူးကွာ ငါတို့က ဟိန်းကိုကိုရဲ့သူငယ်ချင်းတွေ သူ့ဆီလာတာ သူရှိလား "

" အဲ့ဒါဆို ဒီမှာ ခဏစောင့်နော် ကျွန်တော် သွားမေးကြည့်ပေးမယ် "

" ဟေ့ ငါ့တို့ကို အိမ်ထဲပေးဝင်အုန်းလေ "

" ခဏလေး သေချာအောင် ကိုဟိန်းကို သွားမေးလိုက်အုန်းမယ် "

..................

" ဟေ့ရောင် ဟိန်းကို မြန်မြန်လာကွာ ခြေထောက်တွေလည်း ညောင်းနေပြီ မင်းဆီ တစ်ခါလေး
လာလည်မိပါတယ် စစ်လားဆေးလားနဲ့ "

" ဟုတ်ပါ့ ဟိန်းကိုရာ ဘာလဲ ငါတို့ရုပ်က သူခိုးရုပ် ပေါက်နေလို့လား "

" ဟားဟား စိတ်လျှော့ကြပါကွာ ပူရှိန်းက မသိလို့ပါ "

" ဒါနဲ့ အဲ့တစ်ယောက်က ဘယ်သူလဲ ငါတို့လည်း တစ်ခါမှ မမြင်ဘူးပါလား ဘာလဲ မင်းကောင်လေးလား "

" ရာဇာ ငါ ဆွဲမထိုးခင် မင်းစကားပြင်လိုက်နော်
အဲ့ဒါ အမေ့သူငယ်ချင်းရဲ့သား ငါအဖော်မရှိဘူးဆိုလို့ စေတနာနဲ့ လာနေပေးတာ သူ ကြားသွားရင် မကောင်းဘူး စကားပြော ဆင်ခြင် "

" အေးပါကွာ ဆောရီး ဆောရီး ဒါနဲ့ မိတ်ဆက်ပေးအုန်းလေ "

" ပူရှိန်း ဒါက မန္တလေးက ငါ့သူငယ်ချင်းတွေ ဒီဘက်က ရာဇာ သူက စိုးကြီးတဲ့ ဟိုနှစ်ကောင် ဒါက ငါ့အမေသူငယ်ချင်းရဲ့သား နာမည်က
ရှိန်းသော်ခန့် "

FanboyWhere stories live. Discover now