Unicode
မန္တလေးပြန်မယ့် ကိုစိုးကြီးတို့ ကိုရာဇာတို့လည်း ကျွန်တော့်တို့ကိစ္စတွေကို ဖြေရှင်းပေးနေရတာနဲ့
ဒီနေ့မှ တကယ်ပြန်သွားဖြစ်ခဲ့တယ်
အခုတော့ ဒီအိမ်ကြီးမှာ ကျွန်တော်နဲ့ကိုဟိန်း
နှစ်ယောက်ထဲသာဟိုနေ့က ဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး
အင်တာနက်ပေါ် ဘာသတင်းမှ တက်မလာပုံထောက် မအင်းကြင်းမွှေးဘက်ကပဲ အဆင်ပြေပြေ ဖြေရှင်းလိုက်ပုံရသည်
ကိုဟိန်းကတော့ သူ့ဘက်ကမမှားလို့ မလွန်လို့ ဘာတစ်ခုမှ ဖြေရှင်းမှာမဟုတ်သလို ပြသာနာဖြစ်လာရင်လည်း တည့်ရှင်းမဲ့ လူစားမျိုးပင်" ပူရှိန်း မပြီးသေးဘူးလား ဘာလို့ထွက်မလာသေးတာလဲ "
" လာပါပြီ ကိုဟိန်းရာ ရော့ ဒီမှာ ကိုဟိန်းလိုအပ်မယ်ထင်တဲ့ဟာတွေ အကုန်လုံး ထည့်ထားပေးတယ် "
" ပူရှိန်း မင်းဘာလို့ အခုထိ အင်္ကျီမလဲသေးတာလဲ နာရီကိုကြည့်အုန်း ငါ့အလုပ်ကိစ္စက တစ်မိနစ်တောင် နောက်ကျလို့ ရတာမဟုတ်ဘူး သွားသွား အဝတ်အမြန်သွားလဲ "
" ကိုဟိန်း.... ဒီနေ့ ရှူတင် ကျွန်တော်မလိုက်တော့ဘူး နေသိပ်မကောင်းချင်လို့ "
" ဟမ် နေမကောင်းဘူး ဘယ်နားမကောင်းတာလဲ
ဖျားတာလား ဗိုက်အောင့်တာလား ဆေးခန်းသွားမယ်လေ "" နေပါအုန်း ကိုဟိန်းရာ ဖြေးဖြေးမေးပါ ခေါင်းလေးနည်းနည်းကိုက်နေလို့ တစ်ရေးလောက်အိပ်လိုက်ရင် သက်သာသွားမှာပါ "
" မဖြစ်ပါဘူးကွာ မင်း ဆေးခန်းမသွားချင်ရင် ငါ ဆရာဝန် အိမ်ပင့်လိုက်မယ်လေ "
" ဘာမှမဖြစ်ဘူးလို့ ညက အိပ်တာနောက်ကျသွားလို့ နည်းနည်းလေးမူးသွားတာ အိပ်လိုက်ရင် သက်သာသွားမှာ
ကိုဟိန်းအလုပ်က နောက်ကျလို့မရဘူးဆို သွားတော့လေဗျာ "" ငါ့အလုပ်ထက် မင်းက ပိုအရေးကြီးတယ် အိမ်မှာ ခဏစောင့်နေ ငါ ဆေးဆိုင်မှာ ဆေးသွားဝယ်လိုက်အုန်းမယ် ဆေးသောက်ပြီးမှ အိပ်နော် "
" ဟုတ် "
ကျွန်တော့်ဆံပင်တွေကို ဖြည်းဖြည်းလေးဖွပြီး
ဆေးသောက်ပြီးမှ အိပ်ဖို့မှာနေပြန်တယ်
ဒီလိုတွေမလုပ်ပါနဲ့လားဗျာ ကျွန်တော့်စိတ်တွေရှုပ်ရလွန်းလို့ပါ
အရင်တုန်းကပေးခဲ့ဖူးတဲ့ နာမည်ပြောင်လေးလိုပဲ
ကိုဟိန်း ခင်ဗျားက တကယ်ကို စိတ်ရှုပ်စရာကြီးပါပဲ
ESTÁS LEYENDO
Fanboy
RomanceUnicode ဒီဇာတ်လမ်းလေးဟာ စိတ်ကူးယဥ်သက်သက်သာဖြစ်ပါတယ် ငါ မင်းကို မချစ်ဘူး ငါ ချစ်တာ မ ကို ကျွန်တော့်ကို မချစ်ရင် နောက်ထပ် လာမဆက်သွယ်ပါနဲ့တော့ ကျွန်တော့်ရင်တွေနာလှပြီဗျ ဟင့်အင်း ငါ မင်းကို မချစ်ဘူး ဒါပင်မဲ့ မင်းနဲ့ စကားတွေပြောချင်တယ် မင်းကို ငါ့အနားမှာ...