အပိုင်း ၂၉

89 9 0
                                    

Unicode

ဟာကွာ ဘာတွေလဲ ပူရှိန်းက ငါ့ကို ချစ်နေတာတဲ့လား ဒီကောင်လေးတော့ကွာ ဘာတွေတွေးပြီး ဘာတွေလုပ်နေတာလဲ... ငါ့ကို သဘောကျနေတာဆို ဘာလို့ အစောတည်းက မပြောခဲ့တာလဲ အခုတော့ကွာ ဒါဆို သူ့ရှေ့မှာ ငါ မ နဲ့ တွေ့ခဲ့တဲ့အချိန်တွေမှာရော သူ အဆင်ပြေရဲ့လား အရမ်းခံစားခဲ့ရလား
ဘယ်အချိန်ထဲက ဒီကောင်လေး ငါ့အပေါ် ဒီစိတ်တွေ ဖြစ်နေခဲ့တာလဲကွာ
ငါကရော ဘာလို့ နည်းနည်းလေးတောင်မှ သတိမထားမိခဲ့ရတာလား
ငါ့အပြုအမူတွေက တကယ်ပဲ သူ့အမြင်မှာ တခြားစိတ်တွေ ဖြစ်စေခဲ့တာလား
ဒီကောင်လေး အခုလို အရက်တွေသောက်မိအောင် ငါကပဲ ဖျက်ဆီးခဲ့မိတာပေါ့
ကျစ် ဟိန်းကိုကို မင်းဟာ တော်တော်တုံးတဲ့ကောင်ပဲ မင်းကြောင့်နဲ့ ပူရှိန်း ဘယ်လောက်တောင် ခံစားခဲ့ရမလဲ ငယ်ငယ်လေးကတည်းကလဲ သူ့အပေါ် အနိုင်ယူတယ် အခု ပြန်ဆုံတော့လည်း မင်းက သူ့ကို နာကျင်စေပြန်တယ်

Flash back

" ကိုကိုးရေ ကိုကိုး "

" အိမ်ရှေ့မှာ ဘာတွေလာအော်နေတာလဲ ညီညီ မရှိဘူး "

" အဟင့် အဟင့် သားကိုကိုး ဘယ်သွားလို့လဲဗျ "

" ဟ မငိုနဲ့လေ ငါ မင်းကို ဘာလုပ်လို့လဲ "

" ကိုကိုက အော်တာကို အီးဟီးဟီး ကိုကို့ကို ကြောက်တယ် "

" ကျစ် တိတ်တော့ ငါ မအော်တော့ဘူး ဟုတ်ပြီလား မင်းကိုကိုး အိမ်မှာ မရှိဘူး မေမေနဲ့စျေးလိုက်သွားတယ် "

" အာ့ဆို သားကို ဘယ်သူပုံဆွဲပေးမှာလဲ ကိုကိုးက ကတိလည်း မတည်ဘူး အီးဟီးဟီး "

" ဟာ မငိုနဲ့လို့ ပြောနေတယ်လေ "

" ရဘူး ငိုမှာပဲ အီးဟီးဟီး "

" တိတ်တော့ နားတွေလည်းညီးနေပြီး ဘာပုံလည်း ငါဆွဲပေးမယ် "

" တကယ်လား "

" အိမ်ထဲဝင်လာခဲ့ "

......

" ကိုကိုက ကိုကိုးလို ပုံဆွဲတော်လို့လားဟင် မလှရင် ဘီလိုလုပ်မလဲ "

" စကားကိုများတယ် ပေး စာအုပ် ဘာပုံဆွဲပေးရမှာလဲ "

" ကြောင်ပုံရယ် ဇီးကွက်ပုံရယ် ဖရဲသီးပုံရယ် သုံးပုံ ဆွဲပေးနော် "

FanboyWhere stories live. Discover now