အပိုင်း ၂၃

68 6 0
                                    

Unicode

" သားငယ် မထသေးဘူးလား အောက်မှာ သမီးမေလေး ရောက်နေတယ် "

" နိုးပြီး မားမား သားမျက်နှာသစ်ပြီး ဆင်းလာခဲ့မယ် "

............

" မေလေး သမီးအဖေ ဦးကျော်စွာနဲ့မမာလာတို့ရော နေကောင်းကြရဲ့လား အခုရော ဘန်ကောက်မှာပဲလား "

"  ကောင်းပါတယ် တီချို ဒယ်ဒီနဲ့မာမီနဲ့ကတော့ သိတဲ့အတိုင်းပေါ့ သူတို့အလုပ်ကိစ္စတွေနဲ့ အားတယ်ကိုမရှိဘူး ဒီနှစ်သင်္ကြန်အမှီတော့ ပြန်လာမယ်လို့ ပြောတာပါပဲ တီချိုရယ် "

" ဟုတ်လား ဦးကျော်စွာနဲ့မမာလာတို့ ပြန်လာမှဘဲ သမီးတို့အိမ်လာပြီး မင်္ဂလာကိစ္စလာတိုင်ပင်ရအုန်းမယ် "

" ဟာ... လုပ်ပြန်ပြီ တီချိုရာ ရှိန်းနဲ့သမီးနဲ့က သူငယ်ချင်းတွေပါဆို "

" ဟဲ့ ညည်းမှမယူရင် တီချို့သားလို ကပ်စေးနဲကို ဘယ်သူယူမှာလဲ မရဘူး တီချိုကတော့ သမီးနဲ့ပဲ သဘောတူတယ် "

" မလုပ်ပါနဲ့ တီချိုရယ် ရှိန်းကိုတော့ ဘာမှစိတ်မပူနဲ့ သူရည်စားရအောင် သမီးအစွမ်းကုန် ကူညီပေးမှာ "

" အေးပါ အဲ့ဒါဆိုလည်း မြန်မြန်ကူညီရင် ကူညီနော် မဟုတ်ရင် သမီးနဲ့ပေးစားမှာ  "

" ဘာတွေသဘောကျနေတာလဲ မားမား
မေလေး စောစောစီးစီး ဘာလာလုပ်တာလဲ "

" အော် အေး လိုရင်တစ်မျိုး မလိုရင်တစ်မျိုးနော်
ညကပြောထားတဲ့ကိစ္စလေ "

" အာ...ဟုတ်သားပဲ "

" မားမား သားတို့အပြင်သွားလိုက်အုန်းမယ်နော် "

" အေးသွားလေ ဒါနဲ့ သား ဒီည ဘယ်မှာအိမ်မှာလဲ ကိုကို့အိမ်သွားအိပ်မှာလား အိမ်ပြန်အိပ်မှာလား ဟိုလိုလိုဒီလိုလိုတော့ မလုပ်နဲ့နော် "

" မသိသေးပါဘူး မားမားရာ "

" ဒါနဲ့ သားကိုကိုသူငယ်ချင်းတွေရော ပြန်သွားကြပြီလား "

" အဲ့ဒါလည်းမသိဘူး မားမားရ ဟိုနေ့က ကိုစိုးကြီးကို မေးတုန်းကတော့ သဘက်ခါမှ ပြန်မယ်ပြောတာပဲ "

" မင်းမှာလည်း ဘာမှ သေသေချာချာ သိတယ်ဆိုတာကို မရှိဘူး ထင်တယ်နဲ့လားမသိဘူး ဆိုတာချည်းပဲ အိမ်ပြန်မအိပ်ဘူးဆို ဖုန်းဆက်အုန်း ကြားလား "

FanboyWo Geschichten leben. Entdecke jetzt