Unicode
" အော် သားညီညီ ဘယ်တုန်းကရောက်လဲ "
" ခုနလေးကတင်ပဲ တီချိုရဲ့ ကိုကို့အိမ်မှာ အထုပ်တွေဝင်ထားပြီးတာနဲ့ ဒီကိုပဲ တန်းထွက်လာခဲ့တာ ဒါနဲ့ လုံးလုံးလေးရော သက်သာရဲ့လား "
" မင်းညီလေးက သက်သာနေပါပြီ "
" တော်သေးတာပေါ့ တီချိုရာ ကျွန်တော်ဖြင့် ကြားကြားချင်း စိတ်ပူသွားတာပဲ "
" အဲ့ဒါကတော့ သားနဲ့တီချိုနဲ့အတူတူပဲ တော်သေးတာက မင်းအကိုရှိနေလို့ပေါ့ သူပဲ အစစအရာရာ အကုန်လိုက်လုပ်ပေးတာလေ သိတဲ့အတိုင်း မင်းဦးလေးကလည်း အလုပ်ကိစ္စနဲ့ ခရီးသွားနေရတာ အားတယ်ကိုမရှိဘူး တီချိုတစ်ယောက်တည်းသာဆို မလွယ်ပါဘူး သားရယ် "
" ကိုကိုး....ဘယ်တုန်းကရောက်လဲ "
" အခုပဲ လုံးလုံးလေးရဲ့ ဖြေးဖြေးဆင်းလာအုန်း ချော်လဲနေအုန်းမယ် "
" လာမယ်ဆို ကျွန်တော့်ကို ဘာလို့ဖုန်းကြိုမဆက်တာလဲ မားမားပြောမှ သိရတယ် "
" လုံးလုံးလေးက နေမကောင်းတော့ ကိုကိုးဖုန်းသံကြောင့် စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါကွာ အခုလည်း ကိုကိုးရောက်နေပြီပဲဟာကို "
" ညီကိုနှစ်ယောက်စကားအေးဆေးပြောကြအုန်း တီချိုလည်း လုပ်စရာရှိတာလေးတွေ သွားလုပ်လိုက်အုန်းမယ် ညနေ ထမင်းစားပြီးမှ ပြန်ပေါ့ "
" ဟုတ် တီချို "
" ကိုကိုး ဒီမှာ နေအုန်းနော် မပြန်နဲ့အုန်း ကျွန်တော်နဲ့အတူတူ ဂိမ်းဝိုင်းကစားပေးအုန်း ညကျမှ ပြန်ပေါ့ "
" ဟင် ညပါ ဘာလို့ပေးမအိပ်တာလဲ ဧည့်ဝတ်မကျေတာလား "
" အာ... အဲ့တာက ကိုဟိန်းရှိသေးတယ်လေဗျာ ကိုကိုးက ညကျရင်တော့ ကိုဟိန်းအိမ်မှာသွားအိပ်ပေါ့ ကျွန်တော်က ဒီတလော အိမ်မှာ ပြန်နေမလို့ မားမားကလည်း သိပ်စိတ်မချဘူးလေ အဲ့ဒါကြောင့်.ပါ "
" အော် အင်းပါ အဲ့ဒါဆိုလည်း ဒါနဲ့ ကိုကိုးဘာမှာထားလဲ ကျန်းမာရေးကို ဂရုစိုက်ပါဆို "
" ဟီး နည်းနည်းအားနည်းသွားလို့ပါဗျာ "
" နည်းနည်းလုပ်မနေနဲ့ ကိုယ့်ကိုယ့်ကိုယ်လည်း ပြန်ကြည့်အုန်း ပိန်သွားတယ်ရော ဘာလဲ ဝိတ်လျှော့နေတာလား "
YOU ARE READING
Fanboy
RomanceUnicode ဒီဇာတ်လမ်းလေးဟာ စိတ်ကူးယဥ်သက်သက်သာဖြစ်ပါတယ် ငါ မင်းကို မချစ်ဘူး ငါ ချစ်တာ မ ကို ကျွန်တော့်ကို မချစ်ရင် နောက်ထပ် လာမဆက်သွယ်ပါနဲ့တော့ ကျွန်တော့်ရင်တွေနာလှပြီဗျ ဟင့်အင်း ငါ မင်းကို မချစ်ဘူး ဒါပင်မဲ့ မင်းနဲ့ စကားတွေပြောချင်တယ် မင်းကို ငါ့အနားမှာ...