အပိုင်း ၃၃

79 5 0
                                    

Unicode

" ဖြန်း "

" မ ဘာလုပ်လိုက်တာလဲ "

" မောင် "

" ကိုဟိန်း "

" ဘာကိစ္စကြောင့် ပူရှိန်းကို ရိုက်ရတာလဲ ကျွန်တော်တန်ဖိုးထားတဲ့လူကို လာထိတာ ဘယ်လိုနည်းနဲ့မှ ကျွန်တော် ခွင့်မလွှတ်ဘူးနော် မ "

ပူရှိန်းရဲ့ ပါးနုနုလေးပေါ်က လက်ဝါးရာကြောင့်
ဟိန်းရောင်ခြည် တော်တော်ဒေါသထွက်လို့နေတယ် ။ အင်ကြင်းမွှေးလို ဘယ်သူမှ ခွန်းတုံ့မပြန်ရဲတဲ့ မိန်းကလေးကိုမှ လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြန်ပြောရလောက်တဲ့အထိ သူ့ဒေါသတွေဟာ ကြီးမားနေခဲ့တယ်။

" ခွင့်မလွှတ်တော့ မောင်က ဘာလုပ်ချင်လို့လဲ
မောင်ကာကွယ်ပေးနေတဲ့ လူက မ့အပေါ် ဘယ်လောက်ထိ ရိုင်းစိုင်းစွာ ပြောခဲ့လဲဆိုတာကိုရော မောင်သိရဲ့လား "

" မလိုဘူး မ သိစရာကို မလိုတာ ကျွန်တော် ပူရှိန်းကို ယုံတယ် သူ စကားပြောမှားသွားခဲ့ရင်တောင် မ ဒီလောက်ထိ လုပ်စရာမလိုဘူး သူ့မှာ ကျွန်တော် တစ်ယောက်လုံး ရှိတယ် မကျေနပ်တာရှိရင် ကျွန်တော်နဲ့လာရှင်း သူ့ကို ပါးရိုက်ဖို့မပြောနဲ့ မျက်စောင်းနဲ့ထိုးတာတောင် ကျွန်တော် သည်းမခံနိုင်ဘူး "

" တောက်စ် ရောင်ခြည် ငါက...... ငါ့လိုမိန်းမက အရာရာမှာ ဘယ်သူ့အပြောအဆိုမှ ခံခဲ့တာ မဟုတ်ဘူး အခု နင်ပြောနေတာတွေကို ငါနားထောင်ပေးနေတာ ငါမှားလို့ ငြိမ်ခံနေတာ မဟုတ်ဘူးနော် နင့်ကို သိပ်ချစ်လို့ မောင့်ကို သိပ်ချစ်လို့ပဲ "

" ကျွန်တော် အဲ့ကိစ္စ မ နဲ့ စကားအကုန်ပြောပြီးသွားပြီနော် မ့အပေါ်မှာ ကျွန်တော် ဘာစိတ်မှ မရှိတော့ဘူး ကျွန်တော်လေးစားအားကျရတဲ့ အမတစ်ယောက်ကနေ ရွံမုန်းသွားရအောင်တော့ ထပ်မလုပ်ပါနဲ့တော့ "

" ဘာလို့လဲ ဘာလို့ မ့ ကို.......မောင်က မချစ်တော့တာလဲ မ့ ဘာအမှားတွေများ လုပ်မိလို့လဲ မောင့်အပေါ် အချစ်လျော့ခဲ့လို့လား ဂရုစိုက်မှုတွေ နည်းခဲ့လို့လား ဘာတွေများချွင်းယွင်းချက်ရှိနေခဲ့လို့လဲ ဟမ် မောင် ဖြေစမ်းပါ မ့ကတော့ အချစ်စစ်နဲ့တွေ့ပြီးဆိုပြီး ပျော်ခဲ့ရတာလေ အခုကျ မောင်က အရာအားလုံးကို ဖျက်ဆီးလိုက်တာပဲ မ စကားကုန်ပြောမယ် မောင် အငယ်အနှောင်းထားချင်ရင်တောင် မ့လို မာနကြီးတဲ့ မင်းသမီးက မောင့်မျက်နှာ တစ်ခုတည်းကြည့်ပြီး မောင့်စိတ်ကြိုက် ဖြစ်စေမဲ့သူပါ အဲ့လောက်ထိ ချစ်ခဲ့ရတာကို မောင် ဘာဖြစ်လို့ လုပ်ရက်ရတာလဲ မ တို့ နှစ်ယောက်စတွဲကတည်းက ပြောခဲ့ကြတယ်လေ ဘယ်တော့မှ မခွဲဘူးဆို တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်အဝပေးခဲ့ကြတယ်လေ အခုမှ ဘာလို့လဲ မောင် ဘာတွေအရူးထနေတာလဲ "

FanboyWhere stories live. Discover now