အပိုင်း ၁၆

60 6 2
                                    

Unicode+Zawgyi

အမ် အဲ့ဒါ ကိုဟိန်း ကိုဟိန်းမဟုတ်ဘူးလား
အိမ်မှာ ရှိနေရမဲ့လူက ဘယ်လိုလုပ်ပြီး ဒီဆိုင်ရောက်နေတာလဲ အသိဆီလာတာများလား
ရုပ်ဖျက်ထားတာက မေလေးတို့ပြောလည်းပြောချင်စရာ

ကျွန်တော်ကပဲ ကိုဟိန်းနဲ့အနေနီးသွားလို့လားတော့ မသိ ကိုဟိန်းမှန်း ချက်ချင်း သတိထားမိလိုက်တယ်

ကိုဟိန်းဆီသွားနေတာနဲ့ ပတ်သက်ပြီး မဟုတ်ကဟုတ်ကတွေကို အားရပါးရ သူငယ်ချင်းတွေအား ပြောပြပြီးနောက် တွေ့လိုက်ရခြင်းကြောင့် လန့်ပြီး ရေသီးသွားခြင်းသာ

ကျွန်တော်တို့ပြောနေတဲ့ စကားတွေကို
ကိုဟိန်း ကြားသွားရင်တော့ သူ့ကိုမိန်းမပေးစားပြီး ကလေးအဖေလို့ ပြောထားခြင်းကြောင့် အိမ်ပြန်ရောက်ရင် ဒေါကြီးမောကြီးနဲ့ အဆူခံရမှာ ကျိန်းသေပင်

ဒီည မားမားဆီ သွားအိပ်ရင် ကောင်းမလား
မနက်ကျမှ ပြန်သွားရင် ကိစ္စမရှိ မနက်ကျ
ကိုဟိန်း ကြော်ငြာရိုက်ကွင်းနဲ့ အလုပ်ရှုပ်နေမှာ အမှန်ပင်
ဟင်းးး ဒါလည်း မဖြစ်သေးပါဘူး ကိုဟိန်းက တစ်ယောက်ထဲမှ မအိပ်ရဲတာ
ငါ မားမားဆီ ပြန်အိပ်မယ်လို့ ပြောရင်
ကိုဟိန်း ခွင့်ပြုမှာတော့ သေချာတယ်
ကိုဟိန်းက ဘယ်တော့မှ ပွင့်ပွင့်လင်းလင်း ပြောမှာ မဟုတ်ဘူး သူ အဆင်မပြေတာကို
လူတိုင်းကို ဆရာကြီးလုပ်ရတာပဲ ကြိုက်တာလေ
ဘယ်သူကိုမှ ခယပြီး မပြောချင်တဲ့ အကူအညီမတောင်းချင်တဲ့ မင်းသားပေါ့

" ဟေ့ယျောင် ရှိန်း စားပြီးရင် ပြန်မယ်လေ ငါခေါ်နေတာ ကြာပြီ မင်း ဘာတွေ တွေးနေတာလဲ "

" အာ...ဘာမှမဟုတ်ပါဘူး ကြည်သာရာ သွား သွား သွားကြမယ်လေ ရှင်းပြီးပြီလား "

" အေး "

........................

စားသောက်ဆိုင်ကအပြန် တစ်လမ်းလုံး ကိုဟိန်းအကြောင်းကိုသာ စဥ်းစားနေမိတော့သည်
အိမ်ရောက်ခံနီး ကြည်သာပြောမှသာ အသိပြန်ဝင်တော့သည်

" အော် သားငယ်ပါလား အိမ်ပြန်လာတာလား လာမယ်ဆိုလည်း ကြိုမပြောဘူးကွယ် မားမားသားကြိုက်တတ်တာလေးတွေ ချက်ထားမှာပေါ့ "

FanboyWhere stories live. Discover now