အပိုင်း ၆

126 9 2
                                    

Unicode

အခုဆို ကိုဟိန်းက နှလုံးသားမှာပွင့်သောပန်း ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ  နာမည်ကြီး ရေပန်းစားနေတဲ့ မင်းသမီးချော အင်ကြင်းမွှေး နဲ့ တွဲဖက်သရုပ်ဆောင်ခွင့် ရခဲ့တယ်
အင်ကြင်းမွှေးဆိုတာ နာမည်နဲ့လိုက်အောင် ဂုဏ်သတင်းမွှေးပျံ့တဲ့သူ
မြန်မာဆန်တဲ့ အပြုံး ကောက်ကြောင်း
အေးချမ်းတဲ့ သူ့မျက်နှာ
အပြုအမူတစ်ခုချင်းဆီက ပုရိသ ယောကျာ်းသားတွေ သာမက မိန်းကလေးတွေရဲ့ အားကျခံရခြင်း ချစ်ခင်ခံရခြင်းကိုပါ ရရှိထားတဲ့အပြင်
Fan တွေရဲ့အပြည့်အဝအားပေးမှုကိုလည်း
ပိုင်ဆိုင်ထားတဲ့
အနုပညာရှင်တစ်ယောက်

ဒီအကြောင်းကို ကြားရတော့ ကျွန်တော် အတိုင်းမသိ ပျော်ရွှင်မိတယ်
ကိုဟိန်းက အောင်မြင်ဖို့ ထိုက်တန်တဲ့ အနုပညာရှင်တစ်ယောက်ပါ

အရာရာမှာ ကောင်းခြင်းဆိုးခြင်း ဒွန်တွဲနေသလိုပါပဲ ဒီဇာတ်ကားမှာ ပါဝင်ခွင့်ရတဲ့အတွက်
ကိုဟိန်း fan အသစ်တွေ ရရှိခဲ့သလို
hater တစ်ချို့ကိုပါ လက်ခံခဲ့ရတယ်
အင်းကြင်းမွှေးလို အောင်မြင်ပီးသား ရုပ်ရှင်မင်းသမီးတစ်ယောက်
ဝတ္ထုကို ပြန်လည်ရိုက်ကူးတဲ့ ဇာတ်ကားမို့လို့
မရိုက်ခင်ထဲက အားပေးမှု အပြည့်အဝ ရရှိထားတဲ့ ဇာတ်ကား
ဒီလို ပြီးပြည့်စုံနေတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ
ကိုဟိန်းလို တက်သစ်စ မော်ဒယ်မင်းသားတစ်ယောက် ပါဝင်ခွင့်ရခဲ့တာဟာ
မဖြစ်သင့်ဘူးလို့ ထင်မြင်ချက်ပေးကြတယ်

အဆိုးဆုံးကတော့ ကိုဟိန်းရဲ့ ပထမဦးဆုံး ပွဲဦးထွက် ဇာတ်ကား ဖြစ်နေတာကြောင့်လည်း ပါတာပေါ့
ကိုဟိန်းလို ကြော်ငြာနဲ့ မော်ဒယ်ရှိုး လောက်ပဲ လျှောက်ဖူးတဲ့သူကို
အခုလို အားလုံးက မျှော်လင့်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ မရိုက်စေချင်ကြဘူး အတွေ့အကြုံမရှိတဲ့သူတစ်ယောက်ကို ထည့်မဲ့အစား လက်ရှိမှာ အောင်မြင်နေတဲ့ မင်းသားတွေကို သုံးသင့်ကြောင်းဝေဖန်ခဲ့ကြတယ်

ဝေဖန်ရာကနေ hater တစ်ချို့ ဖြစ်ပေါ်လာတယ်

- ဟိန်းရောင်ခြည်က production ကို ကပ်ဖားရပ်ဖား လုပ်ပီး တက်လာတာလား

FanboyTempat cerita menjadi hidup. Temukan sekarang