အပိုင်း ၂၁

64 6 1
                                    

Unicode

" အရက်သမား နိုးလာပြီလား "

" ညက ငါ တော်တော်မူးသွားတာလား
ဘာမှတောင် မမှတ်မိတော့ဘူး "

" အော် အေး မေးရဲသေးတယ်နော် ရစ်တာများ ပိုးဆိုပိုးစက် ဝက်အူလှည့်နေတဲ့အတိုင်းပဲ "

" ဟဲဟဲ မင်းတို့ရှိလို့ ငါ သောက်တာပါကွာ
စိတ်ကလည်း ညစ်နေတာနဲ့တိုးသွားတော့
နည်းနည်းမထိန်းနိုင် ဖြစ်သွားတာ "

" ဒါပေမဲ့ ဒီတစ်ခေါက်တော့ ငါတို့ မင်းကို သိပ်မထိန်းလိုက်ရဘူး ရှိန်းသော်ခန့်ပြန်လာပြီး ကူပေးသွားလို့ ငါတို့ အများကြီးသက်သာသွားတယ် "

" ဟမ် ပူရှိန်းလာသွားတယ် "

" အေးလေ အဲ့ကောင်လေးက မင်းအပေါ် တော်တော်ခင်တွယ်တဲ့ပုံပဲ အကုန်လုံး သူပဲ လုပ်ပေးတာ ဒီမနက်လည်း မင်းအတွက်တဲ့ အမူးပြေ ခေါက်ဆွဲပြုတ်ပူပူလေး မင်းကြိုက်တဲ့ ခေါက်ဆွဲတံဆိပ်ပဲလို့လည်း ပြောသွားသေးတယ် "

" ဟာကွာ မင်းတို့ကလည်း ပူရှိန်းက စာမေးပွဲရှိတယ်ကွ သက်သက်မဲ့ ဘာလို့ သွားခေါ်လိုက်တာလဲ "

" အော် ဖေ့သားလေး မင်းဖုန်းဆက်ပြီး ခေါ်လိုက်တာလေ ငါတို့ခေါ်တာမှ မဟုတ်တာ "

" မင်းတို့က မတားကြဘူးလား ငါမူးရင် ရစ်တတ်မှန်း သိရက်နဲ့ကို "

" တော် တော် ဟိန်းကို မင်းပဲလုပ်ခဲ့ပြီးတော့ အခုမှ ငါတို့ကို ဘာမှ အပြစ်လာပြောမနေနဲ့ "

" အာ... မေ့တော့မလို့ ဟိန်းကို ခုနက မင်းဖုန်းလာတယ် မင်းရေချိုးခန်းထဲ ဝင်နေတုန်းက
မအင်ကြင်းမွှေးဆီက အဲ့ဒါ မင်းပြန်ဆက်ရင် ဆက်လိုက်အုန်း ငါ မင်း ရေချိုးနေတယ်လို့ ပြောလိုက်တယ် "

" မနက်စောစောစီးစီး အာရုံလာမနှောက်နဲ့
မဆက်ဘူး ထားထားလိုက် ပေး ငါ့ခေါက်ဆွဲပန်းကန် "

..............,......

တီ.............

" မကိုင်ဘူးလား "

" မကိုင်ဘူး ထားထားလိုက် "

တီ.............

" မင်းဟာကလည်း မဟုတ်သေးပါဘူးကွာ မင်းပဲ မပြတ်နိုင်သေးဘူး ပြောတယ် အခုလည်း အိုင်တင်ခံနေတယ် ငါ့ကောင် မင်းက ယောကျ်ားလေးနော် သိပ်မူမနေနဲ့ ဟိုမှာ ပါသွားမယ် "

FanboyWhere stories live. Discover now