Unicode
" ကိုဟိန်း....အဟင့်... ဘယ်သွားမို့လဲ "
" ဘယ်ကမလဲ စခန်းသွားပြီး အမှုဖွင့်ရမှာပေါ့ "
" ဟင့်အင်း ဟင့်အင်း ကျွန်တော် မသွားချင်ဘူး "
" အေးလေ ဟိန်းကိုရာ ရှိန်းသော်ခန့်ခမျာ လန့်နေရှာမှာပေါ့ အရင်ဆုံး အိမ်ပြန်ရအောင် ပြီးမှ သူ့သဘောထားမေးပြီး နောက်ကိစ္စတွေ ဆက်လုပ်ပေါ့ "
" ကိုဟိန်း အိမ်ပြန်မယ်နော် ကျွန်တော် ကြောက်တယ် "
" အင်း ပြန်မယ်နော် ဘာမှမကြောက်တော့နဲ့နော် ကိုကိုရှိတယ် ရာဇာ အိမ်ကိုပဲ မြန်မြန် မောင်းကွာ "
ရှိန်းရဲ့ခန္ဒာကိုယ်တစ်ခုလုံးကို သူ့ရင်ခွင်ထဲသွင်းကာ မှေးစက်ခိုင်းထားသော ဟိန်းရောင်ခြည်
လက်တစ်ဖက်က ပခုံးကိုဖက်လျက် ကျန်လက်တစ်ဖက်ကတော့ ရှိန်းရဲ့ လက်တွေကို ဆုပ်ကိုင်ပေးထားပြန်တယ်
ဟိန်းရောင်ခြည်ရဲ့ အပြုအမူတွေ အပြောအဆိုတွေက အချစ်ဘက်ကို ဦးတည်နေပြီးဆိုတာကို
သူကိုယ်တိုင်ရော သတိထားမိပါ့မလား....................
" ပူရှိန်း ရေလေးသောက်လိုက်နော် "
" ရှိန်းသော်ခန့် ငါ့ညီ စိတ်အေးသွားရင် ဖြစ်ပျက်သမျှ အကိုတို့ကိုပြောပြနော် ဒါမှ ဆက်လုပ်သင့်တာကို ဆက်လုပ်ရမှာ "
" ဘာမှ ပူရှိန်းကို လာမေးမနေနဲ့ သူကရော ပြန်ပြောနိုင်မယ် ထင်လို့လား မင်းတို့အဲ့လောက်သိချင်နေရင် ငါပြောပြမယ် အဲ့ခွေးသား ထွဋ်မင်းသျှန်ဆိုတဲ့ကောင် ပူရှိန်းဘေးမှာထိုင်ပြီး တချိန်လုံး အသားယူတယ် ပေါင်ပွတ်လိုက် ဖင်ကိုင်လိုက်နဲ့ ပူရှိန်းက ပြသာနာမဖြစ်ချင်တော့ ထထွက်သွားတယ် အဲ့ဒါကို အဲ့မသာလေးက နောက်ကလိုက်ပြီး ပူရှိန်းကို အတင်းချုပ်ပြီး နမ်းတယ်
ငါသာ အချိန်မီမရောက်သွားရင် ဘာဆက်ဖြစ်မလဲဆိုတာ တွေးတောင်မတွေးရဲဘူး ပြောရင်းနဲ့တောင် အဲ့သတောင်းစားကို ငါသတ်ချင်နေပြီ တောက် "" တော်တော်မိုက်ရိုင်းတဲ့ကောင်ပဲ ယောကျာ်းချင်းတောင် အလိုမတူဘဲ အနိုင်ကျင့်ရဲတယ် ဒီလိုကောင်မျိုး အသေလေးမွေးလာရမှာ "
YOU ARE READING
Fanboy
RomanceUnicode ဒီဇာတ်လမ်းလေးဟာ စိတ်ကူးယဥ်သက်သက်သာဖြစ်ပါတယ် ငါ မင်းကို မချစ်ဘူး ငါ ချစ်တာ မ ကို ကျွန်တော့်ကို မချစ်ရင် နောက်ထပ် လာမဆက်သွယ်ပါနဲ့တော့ ကျွန်တော့်ရင်တွေနာလှပြီဗျ ဟင့်အင်း ငါ မင်းကို မချစ်ဘူး ဒါပင်မဲ့ မင်းနဲ့ စကားတွေပြောချင်တယ် မင်းကို ငါ့အနားမှာ...