အပိုင်း ၄

145 14 2
                                    

Unicode

" hello မေလေးလား ငါ ရှိန်း "

" အော် အေး ရှိန်း ပြော ဘာကိစ္စရှိလို့လဲ
ဖုန်းဘေလ်ကုန်မှာစိုးတဲ့ ကပ်စီးနဲဲကြီးက အရင်ဆက်တာဆိုတော့ "

" ချိန်ရှ ငါ အကောင်းပြောမို့နော် နင်ကောင်းကောင်းနားထောင် "

" ဟဲ့ ပလုတ်တုတ် နင် ငါ့ကို ရည်းစားစကားပြောဖို့တော့ မဟုတ်ပါဘူးနော်
ငါ သူငယ်ချင်းတွေနဲ့ ရည်းစားမဖြစ်ချင်တာ
နင် သိပါတယ်  "

" အေး အဲ့မှ ထင်ချင်ရာသာထင်နေလိုက်တော့
ငါကလည်း နင့်လိုမိန်းကလေးမျိုး စိတ်ကိုမဝင်စားတာ စကားအကောင်းပြောမို့ပါဆို ပြောမဲ့ဆီကို မရောက်တော့ဘူး "

" ဟဲဟဲ ရှိန်း ပြော ဘာပြောမို့လဲ "

" ဟို.....ငါ.....ဟို......fanboy လုပ်မို့ "

" အော် အေး လုပ်လေ.... ဟမ် fanboy
နင်က fanboy လုပ်မယ် "

" အေးလေ အဲ့ဒါဘာဖြစ်လဲ "

" ဟဲ့ poppin ဆိုရင်တော့ မလုပ်စမ်းနဲ့ဟယ် ပီးတော့ နင့်လို ကပ်စီးနဲက fanboy လုပ်မယ်ဆိုတော့ ငါတော်တော်အံ့ဩမိတယ် "

" တော်ပီဟာ...အကူအညီများ ရမလားလို့ ဖုန်းဆက်ပီး ပြောပြမိပါတယ် ငါက အဲ့လို poppin လုပ်မဲ့ သူလား "

" ဟီးးးးဟုတ်သားပဲ ငါက စိတ်ပူလို့ပါဟယ်
ဒါနဲ့ နင် support ချင်တဲ့သူက ဘယ်သူလဲ မင်းသမီးလား အဆိုတော်လား "

" ဘယ်သူမှမဟုတ်ဘူးးး ဒါပဲ ဖုန်းချလိုက်တော့မယ် "

" ဟဲ့ ပြောပြသွားအုန်းလေ ဘယ်သူလဲ ဆိုတာကို "

တီ......( ဖုန်းချသံ )

ရှိန်းးးအစုတ်အလုတ်လေး ငါ့ကို သိချင်အောင် လုပ်သွားတယ် ငါ့သားလေးမို့လို့နော် နင့်ကို ဟွန့်
မဖြစ်သေးပါဘူး seme တစ်ယောက်တော့ မြနိမြန်ရှာပေးမှကိုရမယ်

....................................

ကိုကိုးရေ ကျွန်တော် ကိုကိုးဆီကို
အရောက်လာခဲ့မယ်
ငယ်တုန်းက နှပ်ချီးတွဲလောင်းနဲ့ ဂျစ်တူးလေး
လုံးလုံးအနေနဲ့ မဟုတ်ဘူး
ရှိန်းသော်ခန့် ဟိန်းရောင်ခြည်လို့ခေါ်တဲ့ ကိုကိုးရဲ့ fan boy အနေနဲ့

FanboyWhere stories live. Discover now