Unicode+Zawgyi
" ဗျာ မေမေ ဟိုကောင်လေး လုံးဝမဖြစ်နိုင်ဘူးနော် မေမေ အကူအညီမရတဲ့အပြင် သူ့ကိုပါ လိုက်ထိန်းနေရအုန်းမယ် "
" ဒီမှာ ကိုကို သားငယ်က မင်းပြောသလောက်လည်း မဆိုးပါဘူး ပြီးတော့ မင်းကိုကူညီဖို့ထက် ညဘက် မင်းအဖော်ရအောင် လာနေပေးတာမျိုးပဲ မင်း လူရှာလို့ရတော့လည်း အရင်လို ပြန်နေပေါ့ မေမေ အများကြီး မပြောချင်ဘူးနော် ကိုကို ငါ အသက်ကြီးပြီ "
" မေမေတို့က ဒါပဲ တစ်ခါလာလည်း ဒီအသက်ကြီးတာပဲ ခလုတ်တိုက် လုပ်ပါ့မယ် မေမေစီစဉ်တဲ့အတိုင်း လုပ်ပါ့မယ် ရပြီလား "
" အေး ဒီအသံပဲ ကြားချင်တယ် "
................
Time skip
" တီလေး သား တီလေးကို ကန်တော့မယ်နော် "
" အေးကွယ် လိမ္မာလိုက်တာ ဘုန်းကြီးပါစေ သက်ရှည်ပါစေ သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေကွယ် လမ်းမှာလည်း ဂရုစိုက်နော် ဟိုရောက်ရင်လည်း တစ်ခုခုဆို တီလေးကိုသာ လှမ်းတိုင် ကြားလား သားငယ် "
" ဟုတ် တီလေး "
" မေမေ "
" မေမေ လုပ်မနေနဲ့ ငါ စိတ်ချမယ်နော် သားငယ်ကို ဂရုစိုက် သူ့ခမျာ အေးဆေးနေလို့ရရဲ့သားနဲ့ မင်းကို ကူညီပေးတာ ငါ ဘာဆိုဘာအသံမှ မကြားချင်ဘူးနော် အေး ပြန်ကြားရရင် မင်းမလွယ်ဘူးမှတ် ကိုကို "
" မေမေကလည်း "
" တော် ဝောာ် နောက်ကျနေတော့မယ် သွားကြတော့ "
" ကိုကိုး ကျွန်တော် သွားတော့မယ်နော် bye "
" ကိုကိုးကတော့ လွမ်းနေရတော့မယ် လုံးလုံးလေး ကျန်းမာရေးဂရုစိုက်နော် တစ်ခုခုဆို ကိုကိုးကိုပြော ဘာလိုချင်ချင် ဘာစားချင်ချင် နော် "
" ဟုတ် ကိုကိုး ကျွန်တော်လည်း သတိရနေမှာပါ "
" ညီညီ မင်းတို့ အလွမ်းသယ်နေတာ မပြီးသေးဘူးလား ငါအလုပ်ရှိသေးတယ်နော် "
" လာပါပြီ ကိုဟိန်းရဲ့ bye တီလေး bye ကိုကိုး နောက်မှထပ်လာလည်အုန်းမယ်နော် "
YOU ARE READING
Fanboy
RomanceUnicode ဒီဇာတ်လမ်းလေးဟာ စိတ်ကူးယဥ်သက်သက်သာဖြစ်ပါတယ် ငါ မင်းကို မချစ်ဘူး ငါ ချစ်တာ မ ကို ကျွန်တော့်ကို မချစ်ရင် နောက်ထပ် လာမဆက်သွယ်ပါနဲ့တော့ ကျွန်တော့်ရင်တွေနာလှပြီဗျ ဟင့်အင်း ငါ မင်းကို မချစ်ဘူး ဒါပင်မဲ့ မင်းနဲ့ စကားတွေပြောချင်တယ် မင်းကို ငါ့အနားမှာ...