အပိုင်း 14

72 4 0
                                    

Unicode

ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်လာဖို့ နောက်ကွယ်က ကြိုးပမ်းမှု တစ်စုံတစ်ယောက်ချင်းစီတိုင်းရဲ့ အရေးပါမှုတွေကို ထင်ဟပ် ပေါ်လွင်နေစေတဲ့ ရိုက်ကွင်းလို့ ခေါ်သော နေရာတစ်ခုကို ကိုဟိန်းနဲ့အတူ ကျွန်တော်ရောက်လာခဲ့တယ်

" ဂျပု ခုံရယ် ပစ္စည်းတွေရယ် အကုန်သယ်ခဲ့နော် တစ်ခုမှ မကျန်ခဲ့စေနဲ့ "

" ရားး ဂျပုမဟုတ်ဘူး ရှိန်းသော်ခန့်လို့ ကိုဟိန်းမှာ အတိတ်မေ့တဲ့ ရောဂါတွေဘာတွေများ ရှိနေတာလား "

" ကျစ် စကားများလိုက်တာ ငါ ဇာတ်ညွှန်းဖတ်နေတာ အာရုံမနောက်နဲ့ "

" မနောက်စေချင်ရင် နာမည်ခေါ်လေဗျ "

" ကောင်းပြီး  ဘာ မင်းနာမည်က "

" ရှိန်းသော်ခန့် ...... ရှိန်းလို့ ခေါ်လည်း ရတယ်."

"  ပုရှိန်း လို့ ခေါ်မယ် "

" ဘာဗျ "

" ဖြည်းဖြည်းအော် ငါ နာမကန်းသေးဘူး ပုရှိန်း
ပူရှိန်းလို့ ခေါ်မယ် ရလား "

" ဟင့် နာမည်ကို နည်းနည်းလေးတော့ ဖျက်လိုက်ရမှ ရတယ် ခေါ် "

ရားးးးးပူရှိန်းတဲ့ ဘာလဲ ငါက ပီကေလား သကြားလုံးလား
idol မို့လို့ သည်းခံပေးလိုက်မယ်နော်
ကျွန်တော့်နာမည်လှလှလေးကို.....

" မင်းသား ဒီနေ့ ရိုက်မဲ့အခန်းက မင်းသမီးနဲ့ မတော်တဆဝင်တိုက်မိတဲ့အခန်းနော် ဇာတ်ညွှန်းရော အဆင်ပြေရဲ့လား "

" ဟုတ်ကဲ့ဗျ ကျွန်တော် အားလုံး အဆင်သင့်ဖြစ်ပါပြီ "

" မင်းသားအဆင်သင့်ဖြစ်ရင် ကင်မရာ တစ်ချက်စမ်းမယ်နော် "

.............

Time skip

" Cut " ok တယ် အားလုံးအဆင်ပြေတယ် ထမင်းစားနားမယ် ပြီးရင် ရိုက်ကွင်းပြောင်းမယ်

.........

" ရောင်ခြည်.... မ ကို စိတ်ဆိုးနေတုန်းလား "

"...."

" ဟိတ် ပြန်ပြောလေ "

"...."

" မ က မင်းကောင်းဖို့ ပြောတာလေကွာ မင်းက အခုမှ အညွှန့်တလူလူနဲ့ တက်မဲ့ တက်သစ်စမင်းသားလေး မင်းကိုထိခိုက်စေမဲ့ ဘယ်လိုကောလဟာလမျိုးကို မ လက်မခံနိုင်ဘူး အနုပညာအသိုင်းအဝိုင်းဆိုတာ သိုသိပ်နိုင်သလောက် သိုသိပ်တာ အကောင်းဆုံးပဲ ရောင်ခြည်
မင်း နည်းနည်းလေး မမှားလိုက်နဲ့ မင်းကို စွဲချကြမဲ့သူတွေချည်းပဲ အခုဆို မင်းမှာ fan တွေလည်း များလာသလို hater တွေလည်း ရှိလာပြီ
အားလုံးက မင်းကို အာရုံစိုက်နေကြတာ
လုပ်ငန်းရှင်တွေရော မင်းရဲ့fan တွေရောပေါ့
ဒီကားမှာ ရောင်ခြည် ကြိုးစားရင် ကြိုးစားသလောက် ရောင်ခြည့်အတွက် တက်လမ်းတွေချည်းပဲ ဘာမဟုတ်တာလေးနဲ့ စိတ်ထွေပြားမနေနဲ့ ဒီချိန်မှာ အလုပ်ကိုပဲ အာရုံစိုက်ထားစေချင်တယ် မ ကိုလည်း စိတ်မဆိုးပါနဲ့တော့နော်
မ မှားသွားတယ် မ အဲ့နေ့က မင်းကို ပြောတာ နည်းနည်းလွန်သွားတယ် မ တောင်းပန်တယ်နော် "

FanboyWhere stories live. Discover now