အပိုင်း ၃၀

83 5 0
                                    

Unicode

ကိုဟိန်းက ငါ့ကို မုန်းတယ်တဲ့ သူ အမုန်းဆုံးလူက ငါတဲ့ အဟက် တော်တော်တော့ ရယ်စရာကောင်းသား  အေးလေ ဘဝက ငါ လိုသလို ဘယ်ဖြစ်လာပါ့မလဲ ငါချစ်တဲ့လူက ငါ့ကို ပြန်ချစ်စရာအကြောင်းမှမရှိတာ ရှိန်းသော်ခန့် မင်း ဇာတ်ကားတွေကြည့်ပြီး စိတ်ကူးမယဥ်စမ်းနဲ့ ဇာတ်လမ်းနဲ့အပြင်နဲ့က ဘယ်ဝောာ့မှတူမှာမဟုတ်ဘူး
မင်းသားတစ်ယောက်က မင်းလို ဘာမဟုတ်တဲ့ ကောင်လေးတစ်ယောက်ကို သဘောကျမယ် ထင်နေတာလား မင်းရူးနေပြီ ဟေ့ရောင်ရ မင်းရူးနေပြီး မင်းကို ကိုဟိန်းက ဘယ်တော့မှ ချစ်လာမှာ မဟုတ်ဘူးကွ

ဘာလို့လဲဗျာ............ ကျွန်တော်က ချစ်ရသလောက် ဘာလို့ ကျွန်တော့်အပေါ် နည်းနည်းလေးတောင် မကောင်းပေးနိုင်ရတာလဲ မချစ်ပေးနိုင်ရတာလဲဟင် ကျွန်တော်က အချစ်နဲ့ မတန်လို့လား

အချစ်က အဲ့လောက်တောင် နာကျင်ရလားဟင်
ကြောက်တယ် ကျွန်တော်ကြောက်တယ် ဒီနေရာလေးမှာ ငိုနေတာ တော်တော်ကြာနေပြီဗျ လှုပ်မိရင် သေသွားနိုင်မဲ့လူတစ်ယောက်လို မလှုပ်မယှက်ဘဲ ငြိမ်ငြိမ်လေးထိုင်ငိုနေမိတယ်။ ကိုဟိန်း စိတ်ဆိုးပြီး ကားမောင်းထွက်သွားတာ အရမ်းကြာနေပြီ တစ်ခုခုဖြစ်နေမှာလည်း ကျွန်တော်စိုးရိမ်နေတယ်။ မျက်ရည်တွေကလည်း အဆက်မပြတ်ကို ကျလို့နေပြန်တယ်။ 

အဆင်မပြေဘူး ကျွန်တော် ကြောက်တယ် ကျွန်တော် လုံးဝ အဆင်ပြေမနေဘူး တစ်ယောက်ယောက် မရှိဘူးလား ဘယ်သူမှ မရှိကြဘူးလားဟင် မောတယ် ငိုရလွန်းလို့ မောလာပြီး ကိုဟိန်း ကိုဟိန်းရော ကိုဟိန်းပြန်မလာသေးဘူးလားဗျာ ကျွန်တော် အသက်ရှူမဝဘူး။
အသက်ရှူလို့မရတော့ဘူး ရင်ဘတ်ထဲမှာ
တအား မွန်းကြပ်နေပြီ ပြန်လာပါတော့ ကိုဟိန်းရာ ကျွန်တော် စိတ်ပူတယ်

" ပူရှိန်း ပူရှိန်း "

" ကိုဟိန်း ကျွန်တော့်ဆီ ပြန်လာတယ်ပေါ့နော် "

" ပူရှိန်း ပူရှိန်း မင်းသတိထားအုန်းလေ ဘာဖြစ်တာလဲ ငါပြန်လာပြီလေကွာ "

ဝှီရော.........ဝှီရော.......ဝှီရော

......................

Time skip

FanboyDonde viven las historias. Descúbrelo ahora