အပိုင်း ၂၅

62 6 0
                                    

Unicode

" မ မောင် ဒီမှာ "

" ရှာလိုက်ရတာ မောင်ရယ် "

" မ ဘာလို့နောက်ကျနေတာလဲ မောင်လည်း
စောင့်နေရတာ ကြာလှပြီ "

" ဟုတ်လား sorry ပါမောင်ရယ် လာခံနီးမှ ငယ်လေးက သူလည်းလိုက်ချင်တယ်ဆိုလို့ သူက တစ်ခါပြန်စောင့်နေရတာ ဒါနဲ့ မောင့်ကို မိတ်ဆက်ပေးရအုန်းမယ် ဒါက မ့မောင်လေးလေ
ထွဋ်မင်းသျှန်တဲ့ ငယ်လေး ဒါ "

" ကျွန်တော် သိပါတယ် မမရာ ဒါ ကျွန်တော့်ယောက်ဖ ဟိန်းရောင်ခြည်မလား ယောက်ဖ ကျွန်တော့်ကိုလည်း မှတ်ထားပေါ့ "

" ကိုဟိန်း ဒီမှာ ကိုဟိန်းဝယ်ခိုင်းတဲ့ နှင်းဆီပန်း "

" နှင်းဆီပန်း ဘာလုပ်ဖို့လဲ မောင် "

" မ့အတွက်လေ "

" မ့အတွက် တကယ်ကြီးလား ကျေးဇူးပါရှင် သဘောကျလိုက်တာ တကယ့်ကိုစပရိုက်ပဲ မောနေတာတွေတောင် ပျောက်သွားတယ် ဟီး
အဲ့ဒါကြောင့် မောင့်ကို ချစ်နေရတာ
ဒါနဲ့ မောင့်သူငယ်ချင်းတွေရော "

" လာလိမ့်မယ် အသိတွေ့လို့ သွားနှုတ်ဆက်နေကြတယ် "

" မမ သူကဘယ်သူလဲ မိတ်ဆက်ပေးပါလား "

" အော် အဲ့ဒါ ရှိန်းတဲ့ ဘာလဲ ငယ်လေးက ခင်ချင်လို့လား "

" ဟုတ် "

" ရှိန်း မိတ်ဆက်ပေးရအုန်းမယ် ဒါ အမ့မောင်လေးလေ ထွဋ်မင်းသျှန်တဲ့ ငယ်လေးက ရှိန်းနဲ့ခင်ချင်လို့တဲ့ အတင်းကိုမိတ်ဆက်ခိုင်းနေတာ "

" မမကလည်းဗျာ "

" အခုမှ ရှက်မနေနဲ့ သွား ရှိန်းနဲ့ သွားစကားပြောလေ မောင် ဟိုဘက်ဝိုင်းသွားရအောင် ဒီမှာ ငယ်လေးတို့ အေးဆေးစကားပြောပါစေ "

.....................

" ပြောပါအုန်း.ဟိုကောင့်အကြောင်း "

" အော် ရန်ပိုင်လား သူနဲ့မ တွဲခဲ့တယ်ဆိုတာ မှန်တယ် ဒါပေမဲ့ ပြတ်သွားတာလည်း ကြာပြီ သူလည်းအသစ်တွဲသလို မ လည်း အသစ်တွဲတယ်
အဲ့နေ့ မန္တလေးမှာတုန်းက ဘာအရှူးထတာလဲမသိဘူး မ့ကို အတင်း သူနဲ့ပြန်တွဲဖို့ပြောတယ် မ့မှာ ချစ်သူရှိနေပြီပြောလည်းမယုံဘူး သူပြောတာကို မ လက်မခံတော့ သူနဲ့ကိစ္စ မ့ဘက်ကပဲ ပြတ်တာ သူ့ဘက်ကမပြတ်သေးသ၍ မ ဖြတ်လို့မရဘူးဆိုပြီးပြောပါလေရော အဲ့ဒါနဲ့ မ့လည်း မင်းနဲ့တွဲနေကြောင်း အသိတွေကို ချပြလိုက်တာ ဒါလည်းမရသေးဘူး ပွဲအထိ လာနှောင့်ယှက်တယ်
အခုတော့ စိတ်ပူစရာမလိုတော့ပါဘူး သူ့အဖေဦးကျော်စွာကို မ့ကိုယ်တိုင်သွားပြောလိုက်တယ် ဦးလေးသားကို ဦးလေးထိန်းရင်ထိန်း မထိန်းရင် ဥပဒေအတိုင်းသွားမယ်ဆိုပြီးတော့ပေါ့ အခုတော့ မောင် ဘာမှစိတ်ပူစရာမလိုတော့ပါဘူး မောင်.....
မောင် ဘယ်ကိုငေးနေတာလဲ မ့ပြောနေတာတွေကိုရော ကြားရဲ့လား "

FanboyWhere stories live. Discover now