စကားနည်းနည်းများမယ်-စကားနည်းနည်းများမယ်

3.2K 73 0
                                    

Start date- July 25, 2021
End date- September 15, 2021

Hello..... It's me BBQ

အားလုံးပဲမင်္ဂလာပါ
ဒါက ကျွန်တော် ပထမဆုံးအပြီးထိ ရေးဖူးတဲ့ OCပါ။ ဒါက လိုအပ်ချက်တွေ အများကြီးရှိလိမ့်မယ်လို့လည်းထင်တယ်။ ကျွန်တော် စာရေးတာကို ငယ်ငယ်ကတည်းက အရမ်းဝါသနာပါခဲ့ပါတယ်။ ငယ်ငယ်ကဆိုရင် ညဘက်တွေမအိပ်ဘဲ ဗလာစာအုပ်ထဲမှာ ရေးတဲ့အထိကို ဝါသနာပါခဲ့ပါတယ်။ အဲ့တုန်းကတော့ ရိုးရိုးသာမန်အချစ်မျိုးပေါ့။

၂၀၁၆-၂၀၁၇လောက်မှာ Wattpadကို စပြီးတွေ့ခဲ့ပါတယ်။ အဲ့ကတည်းကနေ ဒါမျိုး BL novelလေးတွေ စပြီးဖန်တီးချင်လာတယ်။

ဒါက စိတ်ပဲရှိတာပါ။ တကယ်က မလွယ်ပါဘူး။ ငါ့စာက တခြားသူတွေရဲ့ ဖန်တီးမှုတွေနဲ့ တူသွားမလား?? ငါ့စာကို ဖတ်မှဖတ်ကြပါ့မလား?? စသဖြင့် အမျိုးမျိုးတွေးပြီးပူခဲ့ရပါတယ်။ ဒါပေမယ့် တကယ်တမ်းကျ ရေးရင်းနဲ့ တွေးမိလာတာတစ်ခုကတော့ 'ငါ သူများဖတ်ဖို့ထက် ငါကိုယ်တိုင်က ရေးချင်လို့ကိုရေးနေတာ'ဆိုပြီး တွေးမိလာပါတယ်။

ပြီးတော့ ကျွန်တော့်မှာ အမာခံစာဖတ်ပေးမယ့်သူ‌ရှိနေတော့ အားတိုင်းထွက်နေတဲ့ Plotsတွေကို ချရေးပြီး သူ့ကိုသွားပြလေ့ရှိပါတယ်။ဒီဝတ္ထုကိုလည်း အစကနေ ပြီးတဲ့အထိ Versionပေါင်းမြောက်များစွာရေးပြီး သူ့ကိုသွားပြခဲ့ရတယ်။ ရေးပြီး အတော်ကြာသည်အထိ စပြီး မတင်ရဲသေးဘူး။ 'အော် ငါ့စာက ကောင်းပါ့မလား? ယုတ္တိမရှိတာတွေများနေမလား?'စသဖြင့် အတွေးပေါင်းများစွာကို ကျော်ဖြတ်ပြီးတဲ့နောက် စိတ်ပိုင်းဖြတ်ပြီး တင်လိုက်နိုင်ပါပြီ။

ဒီဝတ္ထုထဲက Main Charactersတွေဖြစ်တဲ့ အကြည်ဓာတ်နဲ့ မြတ်နိုးသာကို လွန်ခဲ့တဲ့ သုံးလပတ်ဝန်းကျင်လောက်ကတည်းက စပြီးဖန်တီးဖြစ်ခဲ့ပါတယ်။ပြီးတော့ မရေးဘဲ ရပ်ထားမိလိုက်၊ ဆက်ပြီး ဖန်တီးလိုက်နဲ့ အခုတော့ ဒီလိုစာတွေ အရှည်ကြီးရေးပြီး တင်ဖို့အထိ ဖြစ်လာခဲ့ပါတယ်။

အကြည်ဓာတ်က ဘယ်လိုကောင်လေးဖြစ်မလဲ?

မြတ်နိုးသာကရော ဘယ်လိုကောင်လေးမျိုးလဲ?

ကျွန်တော်က ငယ်တဲ့ကောင်လေးက Gongဖြစ်တာကို အရင့်အရင်ထဲက ပိုပြီးသဘောခဲ့ပါတယ်။

HIS [COMPLETE]Where stories live. Discover now